ဓာတုလက်နက် တားဆီးရေး စာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်ထိုးလိုက်ပြီ ဖြစ်ကြောင်း နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှ လာသော သတင်းများက ဆိုသည်။ ထို့ကြောင့် မြန်မာသည် နိုဘဲလ် ငြိမ်းချမ်းရေးဆုရ Organization for the Prohibition of Chemical Weapons (ဓာတုလက်နက် တားဆီးပိတ်ပင်ရေး အဖွဲ့)တွင် ၁၉၁ နိုင်ငံမြောက် နိုင်ငံဖြစ်လာပြီး ရက် ၃၀ အတွင်း တရားဝင်ဖြစ်လာမည်ဖြစ်သည်။ လက်မှတ်မထိုးဘဲ ကျန်နေသည့် နိုင်ငံများမှာ အင်ဂိုလာ၊ အီဂျစ်၊ အစ္စရေး၊ မြောက်ကိုရီးယားနှင့် တောင်ဆူဒန်တို့ ဖြစ်ကြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။