သတင်းတို

ထိုင်းဝန်ကြီးချုပ်အကြောင်း ကောလဟလရေးသူ အမျိုးသမီး အဖမ်းခံရ

This article has been converted from Zawgyi One to Unicode

Thaiထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာနှင့် သူ၏ ဇနီးတို့ အနေဖြင့် ထိုင်းဘတ် ၁၀ဘီလျံကျော်ကို စင်ကာပူသို့ လွှဲပြောင်းထားသည်ဆိုသည့် ကောလဟလသတင်းကို ဆိုရှယ်မီဒီယာတွင် ရည်ရွယ်ချက်ချက်ရှိ ရေးသား ခဲ့သည်ဟု သံသယရှိသည့် အမျိုးသမီးတဦးကို ရဲက ဖမ်းဆီးလိုက်ကြောင်း ယနေ့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ  Somyot Pumpanmuang က အတည်ပြုပြောကြားလိုက်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။ ထိုအမျိုးသမီးဟာ အစိုးရဆန့်ကျင်ရေးအဖွဲ့ဝင်တဦးဟု သံသယရှိကြောင်း၊ ဒါအပြင် ရဲတပ်ဖွဲ့ အကြီးအကဲက ဆန်ကျင်ရေးသားမှုများ မပြုလုပ်ရန် ဤသို့ စော်ကားရေးသားခြင်းကို ရာဇဝတ်မှုအနေဖြင့် အရေးယူ၍ ရကြောင်း လူထုကို သတိပေးပြောကြားလိုက်သည်။

Loading