ဦးတေဇ ဇနီးနှင့် စစ်ဗိုလ်ချုပ်ဟောင်း ၂ဦး Black List မှ အမေရိကန် ဖယ်ရှား
This article has been converted from Zawgyi One to Unicode
အမေရိကန်ဘဏ္ဍရေားဝန်ကြီးဌာနက ဦးတေဇ၏ ဇနီး ဒေါ်သီတာဇော်အပါအဝင် ကွယ်လွန်သွားပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ဒု ဗိုလ်ချုပ်ကြီး မောင်ဘို တို့ သုံးဦးကို နာမည်ပျက်စာရင်း(Black List) မှ မနေ့က ပယ်ဖျက်လိုက်ပါတယ်၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ခံ OFAC ခေါ် နိုင်ငံခြားပိုင်ဆိုင်မှုပစ္စည်း ထိန်းချုပ်ရေးဌာနရဲ့ SDN ခေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူဖို့ အထူးသတ်မှတ်ထားတဲ့ နိုင်ငံတွေနဲ့ လူပုဂ္ဂိုလ်တွေ စာရင်းကနေ သူတို့သုံးဦးရဲ့နာမည်တွေကို ပယ်ဖျက်ကြောင်း ဖေါ်ပြထားတာဖြစ်တယ်လို့ VOA သတင်းမှာ ဖော်ပြထားတယ်။ ဒုဗိုလ်ချုပ်ကြီး စိုးဝင်းနဲ့ ဒုဗိုလ်ချုပ်ကြီး မောင်ဘိုတို့ နှစ်ဦး ကွယ်လွန်သွားပြီးဖြစ်တဲ့ အတွက် နာမည်ပျက် စာရင်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီခြင်း မရှိတော့တာကြောင့် သူတို့အမည်တွေကို ပယ်ဖျက်လိုက်တာဖြစ်ပြီး၊ ဦးတေဇရဲ့ ဇနီး ဒေါ်သီတာဇော်ကတော့ သူ့ရဲ့အခြေအနေပြောင်းလဲသွားပြီဖြစ်လို့ သတ်မှတ်ချက်နဲ့ မကိုက်ညီတာကြောင့် ပယ်ဖျက်တာဖြစ်တယ်လို့ လည်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတော့ ဝန်ကြီးဟောင်း ဦးအောင်သောင်းကို ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းခဲ့ပြီး ယခုနှစ် ဧပြီလမှာတော့ စီးပွားလုပ်ငန်းရှင် ဦးဝင်းအောင်ကို စာရင်းမှပယ်ဖျက်ပေးခဲ့ပါတယ်။