လပွတ္တာမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ သတ္တမတန်း ကျောင်းသူ ကို သတ်ဖြတ်ခဲ့သည်ဟု ယူဆရသူကို ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း လပွတ္တာမြို့မ ရဲစခန်းက ပြောသည်။ “ကျနော်တို မနေ့က ဖမ်းမိခဲ့ပါတယ်။ ကောင်မလေး မိဘတွေနဲ့ ရန်ငြိုးရှိလို့ သတ်တာလို့ ဝန်ခံထားပါတယ်။ သူ့ကို မြို့မရဲစခန်းမှာပဲ ချုပ်ထားပါတယ်။ ဥပဒေအရ တရားစွဲပြီး ရုံးတင်နိုင်ဖို့ ကျနော်တို့ ဆက်လုပ်သွားမှာပါ”ဟု လပွတ္တာမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး တင်ဝင်းက ဧရာဝတီကို ပြောသည်။ ဖမ်းဆီးခဲ့သူမှာ လပွတ္တာမြို့နေ အသက် ၄၄ နှစ်ခန့်ရှိသည့် ကျော်သူရဆိုသူ ဖြစ်ပြီး လူသတ်မှု ဖြစ်ပွားပြီးနောက် ၅ ရက်အကြာတွင် ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ အသက် ၁၃ နှစ် အရွယ်ရှိ သတ္တမတန်း ကျောင်းသူသည် လပွတ္တာမြို့ အမှတ် (၉) ရပ်ကွက်တွင် အဘွားဖြစ်သူနှင့်အတူ နေထိုင်လျက်ရှိရာမှ ဇူလိုင်လ ၅ ရက် နံနက်ပိုင်းတွင် နေအိမ်၌ အသတ်ခံခဲ့ရခြင်း ဖြစ်ပြီး အဘွားဖြစ်သူမှာလည်း ဒဏ်ရာများ ရရှိခဲ့သဖြင့် လပွတ္တာဆေးရုံ၌ ယနေ့တိုင် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။