ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား လူငယ် ၂ ဦး ယမန်နေ့ညက ပင်းမြစ် ကမ်းဘေး ချန်ကလန် လမ်းမကြီးပေါ်တွင် ဆိုင်ကယ်စီး လူမိုက်ဂိုဏ်း၏ တိုက်ခိုက်ခြင်း ခံရကြောင်း Chiang Mai City News သတင်းတွင် ဖော်ပြထားသည်။ တိုက်ခိုက် ခံရသူများမှာ အသက် ၂၀ အရွယ်ရှိ စိုင်းတန်နှင့် စိုင်းဟန် ဆိုသူဖြစ်ပြီး၊ ၎င်းတို့ ၂ ဦး ဆိုင်ကယ်စီးနေစဉ် လူငယ် ၄၀ ဦးခန့်ပါ ဆိုင်ကယ် အုပ်ကြီးရောက်ရှိလာကာ နောက်မှ လိုက်လံခြောက်လှန့် ခဲ့ကြောင်း၊ လူမိုက်ဂိုဏ်းမှ လူငယ်တဦးက ဓားရှည်ဖြင့် ထိုးခုတ်သည့် အတွက် မြန်မာနိုင်ငံသား ၂ ဦး၏ ကျောနှင့် ဦးခေါင်းတွင် ဒဏ်ရာများ ရရှိခဲ့ပြီးနောက် ထွက်ပြေး လွတ်မြောက် ခဲ့ကြောင်း၊ ထိုနောက် ကယ်ဆယ်ရေး အဖွဲ့က ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့က အဆိုပါ ဆိုင်ကယ်ဂိုဏ်းကို လိုက်လံရှာဖွေနေကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။