သတင်း

အစိုးရဘတ်ဂျက်ဖြင့် လုပ်ဆောင်နေသော လမ်းတံတားဖွင့်ပွဲများ ကြံ့ခိုင်ရေးပါတီ ဦးဆောင်ဖွင့်နေမှု ပါတီများ ဝေဖန်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်တွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်သော လမ်းတံတားဖွင့်ပွဲများတွင် ပြည် ထောင် စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး ပါတီ) က ဦးဆောင်ဖွင့်လှစ်လျက်ရှိပြီး ကြံ့ခိုင်ရေးပါတီက ဆောင်ရွက် သည့်ပုံစံဖြင့် သတင်းဖြန့်မှုများရှိနေမှုများအပေါ် နိုင်ငံရေးပါတီများက ဝေဖန်ပြောဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန် ပဲခူးတိုင်းဒေသကြီးတွင် ကျေးရွာများတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုသော ဆိုင်းဘုတ် တင်မှု များ ရှိလာသည့်အပြင် ကျေးရွာ လမ်းများခင်းခြင်း၊ ကျေးရွာတွင် ကျောင်း၊ ဆေးရုံ  တည်ဆောက်ခြင်း စသည့် နိုင်ငံတော် ဘတ်ဂျက် ဖြင့် ဆောင်ရွက်မှုများကို ကြံ့ခိုင်ရေးပါတီက လုပ်ဆောင်သယောင်ယောင် သတင်းဖြန့်မှုများ၊ လမ်းတံတားနှင့် ပြည်သူ ပိုင် အဆောက်အအုံဖွင့်ပွဲများတွင် ကြံ့ခိုင်ရေးပါတီက ဦးဆောင်လုပ်ဆောင်မှုများရှိနေကြောင်း ပဲခူးတိုင်းအခြေစိုက် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ပြောဆိုကြသည်။

“ ကျေးရွာတွေမှာ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ် တင်ထားတဲ့အပေါ်မေးခွန်းအရင်ထုတ်လိုပါတယ်။ ဘယ်သူ့ ခွင့်ပြုချက် နဲ့တင် ထားတာလဲပေါ့။ ဥပဒေအရ ကျေးရွာ အမည်ပြောင်းရင် ပြည်ထဲရေး ရဲ့ ခွင့်ပြုချက်ရှိမှရမယ်။ ကျနော်တို့ဒီကိစ္စကော်မရှင် ကိုတင် တယ်။ သူတို့ကတော့ပြည်ထဲရေးကိုလွှဲချတယ် ။ ပြည်ထဲရေးနဲ့ပဲဆိုင်ပါတယ်ပေါ့” ဟု သာယာဝတီမြို့နယ် တိုင်းရင်း သား စည်းလုံး ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ဦးစန်းသွင် က ပြောသည်။

ကြံ့ခိုင်ရေးပါတီက ပဲခူးတိုင်းအတွင်းရှိ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြံ့ခိုင် ရေး ပါတီက လုပ်ဆောင်သကဲ့သို့ သတင်းဖြန့်ချိမှုများ ရှိနေကြောင်း၊ နိုင်ငံတော်၏ ဘတ်ဂျက်ဖြင့် ပါတီ စည်းရုံးရေး ဆောင် ရွက် သကဲ့သို့ ဖြစ်နေကြောင်း နိုင်ငံရေးပါတီများက ဆိုကြသည်။

“အစိုးရနဲ့ အာဏာရပါတီ အတူတူလိုဖြစ်နေတယ်။ နိုင်ငံတော်ကချပေးတဲ့ငွေနဲ့ လမ်းတွေဖောက်၊ တံတားတွေ ဆောက် ပြီး ပါတီက လုပ်သလို ဆောက်ရွက်နေတာ နိုင်ငံတော်ကိုခုတုန်းလုပ်ပြိး လုပ်နေတာဖြစ်လို့ မဖြစ်သင့်ဘူး။ ကိုယ့်အနေ နဲ့ ပံ့ပိုး နိုင် ရင် ထင်ထင်ရှားရှား ပံ့ပိုးပါ။ နိုင်ငံတော်ကိုခုတုံးလုပ်ပြီး ဆောင်ရွက်နေတာကိုတော့ ကျနော်တို့ အနေနဲ့သိပ်ပြီး အမြင် မရှင်းဘူး ” ဟု သာယာဝတီမြို့နယ် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးသန်းလှိုင်က  ပြော သည်။

ကြံ့ခိုင်ရေးပါတီ၏ သာယာဝတီခရိုင် အတွင်းရေးမှူး ဦးသိန်းဇော်က ပြည်ခိုင်ဖြိုးကျေးရွာဟု ကျေးရွာများက ဆိုင်းဘုတ် တင်နေခြင်းသည် ကျေးရွာပြည်သူလူထုက တောင်းဆိုမှုကြောင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းတံတားနှင့် ပြည်သူပိုင် အဆောက်အအုံဖွင့်ပွဲများတွင် ကြံ့ခိုင်ရေးပါတီကို ဖိတ်ကြား၍ ပါတီက ဝတ်စုံပြည့်ဖြင့် အခမ်းအနားတက်ရောက်ရခြင်း ဖြစ်သည်ဟု ရှင်းလင်းပြောဆိုသည်။

“ကျေးရွာတွေမှာ ပြည်ခိုင်ဖြိုး ကျေးရွာဆိုပြီးကျနော်တို့က တင်ထားတာတွေ ရှိပါတယ်။ အဲဒီ တင်တဲ့အပေါ်   ပြည်ထဲရေး ကလုပ်တာ မဟုတ်ပါဘူး။  ကျေးရွာ ပြည်သူလူထု က  နှုတ်နဲ့ တောင်းဆို လို့ ကျနော်တို့က ဒီအပေါ်မှာ ခွင့်ပြုပေး ရတာ ပဲရှိပါတယ်။ လမ်းဖွင့်ပွဲ တံတားဖွင့်ပွဲကတော့ ပါတီကိုဖိတ်ရင် ကျနော်တို့ပါတီယူနီဖောင်းတွေနဲ့သွားတာပဲရှိပါတယ်” ဟု ဦးသိန်းဇော်က ပြောသည်။

သာယာဝတီခရိုင်တွင် ပြည်ခိုင်ဖြိုးကျေးရွာဟု အမည်တပ်ထားသော ကျေးရွာအများအပြားတွင် ရေကျော်ကျေးရွာလည်း အပါအဝင်ဖြစ်ပြီး ယင်းကျေးရွာ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြံ့ခိုင်ရေးပါတီက ပံ့ပိုးထားသည်ဟု ဒေသခံတဦးက ပြောသည်။

“လမ်းတွေခင်းတယ်။ ကြံ့ခိုင်ရေးကခင်းပေးတယ်။ ဒီလိုပဲသိထားတယ်။ ပြည်ခိုင်ဖြိုးရွာ ဆိုင်းဘုတ်တင်တာ ကတော့ ကြာပါပြီ၊” ဟုရေကျော်ကျေးရွာဒေသခံတဦးက ပြောကြားသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ပုဒ်မ ၁၅(ဈ) နိုင်ငံပိုင်ပစ္စည်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရယူ သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိလျှင် အဆိုပါ ပါတီကို မှတ်ပုံတင် ရပ်စဲနိုင်သည်အထိ အရေးယူနိုင်ကြောင်း တရားဝင် ပြဋ္ဌာန်း ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading