ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့ ခြားထားသည့် မယ့်ဆိုင်ချောင်းအတွင်းရှိ ကျောက်ထုတ်များ ကျောက်ဖျာများကို ရေစီးရေလာကောင်းမွန်စေရေး မြန်မာအာဏာပိုင်တို့မှ ဖယ်ရှားဖြိုဖျက်သည်ကို မကျေနပ်သည့်အတွက် ထိုင်းနိုင်ငံသား ၃၀၀ခန့်က ယနေ့နံနက် ၉နာရီခန့်က နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကို ပိတ်ကာ ဆန္ဒပြခဲ့ကြသည်။ မြန်မာဘက်ကလည်း လုံခြုံရေးအတွက် တံတားကို ပိတ်ထားခဲ့ပြီး ၁၀နာရီ ၄၅ မိနစ်ခန့်တွင် နှစ်ဖက် ဒေသအာဏာပိုင်များ ညှိနှိုင်းကာ တံတားကို ပြန်လည်ဖွင့်လှစ်ကြောင်းသိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။