သမ္မတ ဦးသိန်းစိန်က သူ၏ ကျန်းမာရေးအခြေအနေကြောင့် ရွေးကောက်ပွဲ ဝင်ရောက် မည် မဟုတ်ဟု ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးရွှေမန်းထံသို့ စာရေးသားပေးပို့လိုက်ကြောင်း သမ္မတရုံးမှ အရာရှိတဦးကို ကိုးကား၍ ရိုက်တာသတင်း တွင် ဖော်ပြထားသည်၊ သို့သော် သမ္မတဦးသိန်းစိန်အနေဖြင့် ရွေးကောက်ပွဲကို ဝင်ရောက်မည်မဟုတ်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတအဖြစ်မူ ရွေးချယ်ခံနိုင်သေး ကြောင်း နိုင်ငံရေးသုံးသပ်သူများက ဆိုသည်။
မကြာသေးမီက ဂျပန်သတင်းဌာနဖြင့် တွေ့ဆုံခန်းတွင် ပြည်သူများက စိတ်ဆန္ဒရှိလျှင် ဒုတိယသက်တမ်း အတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားမည်ဟု ဖြေကြားခဲ့သေးသည်၊
ကြံခိုင်ရေးပါတီက လာမည့် နိုဝင်ဘာလ ၈ရက်တွင် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်စာရင်းကို မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ပြီး၊ ပါတီအောင်နိုင်ရေးကို ဦးရွှေမန်းက ဦးဆောင်မည်ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲ တွင် သမ္မတဦးသိန်းစိန်သည် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ သမ္မတ ဦးသိန်းစိန်သည့် မကြာမီက တိုင်းပြည်သို့ ပြောဆိုခဲ့သည့် မိန့်ခွန်းတွင် သူ့၏ သမ္မတသက်တမ်းအတွင်း တိုင်းပြည်စီးပွားရေး နိုင်ငံရေး၊ ငြိမ်းချမ်းရေးအခြေအနေများတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မည်ဟု ပြောဆိုခဲ့သည်။