သတင်းတို

အမေရိကန် ၁ဒေါ်လာ လျှင် ၁၂၀၀ ကျပ်နှုန်း ဗဟိုဘဏ်သတ်မှတ်

This article has been converted from Zawgyi One to Unicode

အမေရိကန် ဒေါ်လာ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်ရာတွင် သတ်မှတ် ရည်ညွှန်းကိန်းကို ပြင်ပဈေးကွက်နှင့် လိုက်လျောညီထွေဖြစ်စေရန် ယမန်နေ့ကစ၍ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၂ဝဝ သို့ပြင်ဆင်ခဲ့ကြောင်းအစိုးရသတင်းတွင် ရေးသားထားသည်။

၂ဝ၁၂ ခုနှစ်မှစ၍ နိုင်ငံခြားငွေလေလံ (Foreign Exchange auction) ကို နေ့စဉ်ပြုလုပ်၍ နှုန်းရှင် နိုင်ငံခြား ငွေလဲ လှယ်နှုန်းစနစ် (Managed float exchange rate regime) ကို ကျင့်သုံးခဲ့ရာ တရားဝင်နှုန်းနှင့် တရားမဝင်နှုန်းဟူ၍ ကွာဟလျက်ရှိသည့် နိုင်ငံခြားငွေ လဲလှယ်နှုန်းများကိုတစ်ပေါင်း တည်းဖြစ်စေ ရန် ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး ဈေးကွက်အတွင်း နိုင်ငံခြား ငွေရှားပါးမှုမဖြစ်စေရန် စက်သုံးဆီ နှင့်စားသုံးဆီ တင်သွင်းသူများ လိုအပ် သည့် နိုင်ငံခြားငွေများကို ဘဏ်များ မှတစ်ဆင့် ရောင်းချခြင်း ကို ရပ်တန့် မည်မဟုတ်ဘဲ အခြားပစ္စည်း တင်သွင်း သူများအတွက်လည်း လိုအပ်သည့် နိုင်ငံခြားငွေ များကို နိုင်ငံခြားငွေကြေး လေလံများမှတစ်ဆင့် ဘဏ်များသို့ နေ့စဉ်ဆက်လက်ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁ဝ ရက်က ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲလှယ်နှုန်း အမေရိကန် ဒေါ်လာတစ်ဒေါ်လာလျှင် ၁၁၂၅ ကျပ် ရှိခဲ့ချိန်တွင် ပြည်ပဈေးကွက် ပေါက်ဈေးမှာ ၁၂၁၂ ကျပ်အထိ ရှိခဲ့ ကြောင်း သိရသည်။ ယနေ့တွင် ဗဟိုဘဏ်၏ ရည်ညွှန်းကိန်း အမေရိ ကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ငွေကျပ် ၁၂ဝဝ သို့ ပြင်ဆင်ချိန် တွင် ပြင်ပပေါက်ဈေး ၁၂ဝ၅ ကျပ် ဝန်းကျင် ရှိနေသည်။

Loading