ရုရှားလေတပ်မှ တူပိုလက်ဗ် Tu -95 အမျိုးအစားမဟာဗျူဟာဗုံးကြဲ လေယာဉ်တစီး ယနေ့ နံနက် ၉နာရီ ၅၀မိနစ်ခန့်က ရုရှားအရှေ့ဖျား ဆိုက်ဗေးရီးယားဒေသတွင် လေ့ကျင်နေရင်းပျက်ကျသွားကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ပြောဆိုလိုက်သည်။ ခါဘရော့ဗ်မြို့နှင့် ကီလိုမီတာ ၈၀ခန့်အကွာတွင် ပျက်ကျသွားသည့် အဆိုပါ ဗုံးကြဲလေယာဉ်တွင် လက်နက်တပ်ဆင်ထားခြင်းမရှိပဲ လူမနေသည့် ဒေသအတွင်းသို့ ထိုးကျသွားခြင်းဖြစ်ပြီး၊အစောပိုင်းက လေယာဉ်မှူးမှ အရေးပေါ်အခြေအနေကို သတင်းပေးပို့ခဲ့ပြီးနောက် လေယာဉ်တွင် လိုက်ပါလာသည်အဖွဲ့သား ၇ဦးကို လေထီးဖြင့် ခုန်ဆင်းရန် အမိန့်ပေးခဲ့ကြောင်း၊ ယခုအခါ လေယာဉ်အဖွဲသား ၇ဦးကိုလည်း ရှာဖွေလျှက်ရှိသည်။ နေတိုးအဖွဲ့ အခေါ်အရ Bear ဟုခေါ်သည့် တူပိုလက်ဗ် Tu -95 သည် မဟာဗျူဟာ ဗုံးကြဲလေယာဉ်သည် အင်ဂျင်လေးလုံးတပ်ဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လမှစတင်ကာ ရုရှားလေတပ်၌ လေယာဉ်မတော်တဆမှု ၆ကြိမ်ဖြစ်ပွားခဲ့ပြီးဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။