မကြာမီကျင်းပရန်ရှိနေသော အထွေထွေရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံတွင် ပထမဆုံးသော စတော့ အိတ်ချိန်းဖွင့် လှစ်ရေး အစီအစဉ်မှာ လနှင့် ချီ၍ နှောင့်နှေးဖွယ်ရာ ရှိနေသည်ဟု သိရသည်။ “လူတိုင်းက ရွေးကောက်ပွဲနဲ့ အလုပ်ရှုပ်နေကြမှာဖြစ်တဲ့ အတွက် ရန်ကုန်စတော့အိပ်ချိန်းကို နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲပြီးမှသာ ဖွင့်လှစ်နိုင်ပါမယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားကြောင်း သတင်းဌာနက ရေးသည်။ “စတော့ဈေးကွက် စတဲ့ အချိန်မှာ ကုမ္ပဏီ ၅ ခုလောက်ပဲ စာရင်းသွင်းနိုင်ပါလိမ့်မယ်” ဟုလည်း ပြောကြောင်း သိရသည်။ ကုမ္ပဏီ ၅၇ ခု လိုင်စင်လျှောက်ထားခဲ့သည်ဟု မြန်မာနိုင်ငံ သက် သေခံလက်မှတ်များ ကြီးကြပ်ရေးကော်မရှင် (Myanmar Security Exchange Commission)က ပြောသည်။ အာမခံ လုပ်ငန်း ကုမ္ပဏီ ၂၀၊ အရောင်းကိုယ်စားလှယ် ကုမ္ပဏီ ၂ ခု၊ အကျိုးဆောင် ကုမ္ပဏီ ၅ ခု နှင့် အတိုင်ပင်ခံလုပ်ငန်းများ အဖြစ် မှတ်ပုံတင်ရန်လျှောက်ထားသည့် ကုမ္ပဏီ ၃၀ ရှိသည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။