• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Election 2020

နိုင်ငံ့ဘဏ္ဍာသုံး၍ မဲမဆွယ်ပါနှင့်

by ဧရာဝတီ
15 July 2015
in Election 2020
A A
အနောက် နိုင်ငံများနှင့် ၂၀၁၅ ရွေးကောက်ပွဲ
5.5k
VIEWS
Share on FacebookShare on Twitter

အချိန်ကာလ အပိုင်းအခြားဖြင့် မဲဆွယ်ရန် သတ်မှတ်ပေးသည့် ကာလမတိုင်ခင် နိုင်ငံရေးပါတီတချို့က သွယ်ဝိုက်သောအားဖြင့် မဲဆွယ်မှုဆန်ဆန် လှုပ်ရှားမှုများ ပြုလုပ်လာနေသည်ကို တွေ့ရသည်။

လမ်းဖောက်ခြင်း၊ ကွန်ကရစ်လောင်းခြင်း ရပ်ရွာကိစ္စများတွင် အစိုးရဘတ်ဂျက်၊ ပြည်သူလူထု စိုက်ထုတ်ငွေတို့ဖြင့် အကုန်အကျ ခံထားသော်လည်း နိုင်ငံရေးပါတီတခုခုက ဆိုင်းဘုတ်၊ အလံဝင်ထူခြင်း၊ ပြီးခဲ့သည့်ရက်ပိုင်းက မှော်ဝန်းတံတားဖွင့်ပွဲအတွင်း သမ္မတဦးသိန်းစိန် နောက် သမ္မတသက်တမ်း တာဝန်ထမ်းဆောင်ရေး လှုံ့ဆော်ခြင်း စသော လှုပ်ရှားမှုများသည် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများနှင့် ငြိစွန်းခြင်း ရှိ မရှိ စတင်ဝေဖန်ဆန်းစစ်ရန် အချိန်တန်ပြီဖြစ်ကြောင်း သတိပေးနေသည်။

RelatedPosts

မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းအသုံးပြုမှု တိုးလာဟု HRW ပြော

20 June 2025
65
မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

20 June 2025
1.2k
မြန်မာ့အရေး အာဆီယံက ဘာတွေတိုက်တွန်းနေလဲ (ရုပ်/သံ)

မြန်မာ့အရေး အာဆီယံက ဘာတွေတိုက်တွန်းနေလဲ (ရုပ်/သံ)

20 June 2025
32

လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ပြီးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲကာလ မတိုင်ခင်က နိုင်ငံတော်ပိုင် ပစ္စည်းများ၊ ဘတ်ဂျက်များကို ပေါ်ပေါ်တင်တင် အသုံးပြုကာ မဲဆွယ်မှုများ ပြုလုပ်ခဲ့သည့် သက်သေ အထောက်အထားများ၊ ဝေဖန်ထောက်ပြမှုများ ရှိခဲ့သည်။ လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်းများတွင် ကြံ့ခိုင်ရေး ပါတီတံဆိပ်ကို တပ်ခဲ့ကြပြီး မဲဆွယ်ရေး အသုံးချခဲ့ကြကြောင်း ယနေ့တိုင် မြင်နေရသည့် လမ်းထိပ်၊ တံတားထိပ်မှ ကျောက်စာများက သက်သေခံနေသည်။

ပါတီတခုသည် နိုင်ငံတော်ပိုင် ငွေကြေးဥစ္စာများကို ရယူသုံးစွဲခွင့် မရှိရဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေက ပြဋ္ဌာန်းတားမြစ်ထားသော်လည်း အာဏာရ ကြံ့ခိုင်ရေးပါတီပိုင် လုပ်ငန်းများ၊ ပိုင်ဆိုင်မှုများမှာ မည်သို့ လွှဲပြောင်း ရရှိလာသည်ကို ပြည်သူများ သိရှိပြီးဖြစ်သည်။ ပါတီပိုင် စီးပွားရေးလုပ်ငန်းများမှ တရားဝင်ရရှိသော ဝင်ငွေနှင့် အမြတ်အစွန်းများကို စာရင်းပြုစုထားရမည်ဟု ဥပဒေက ဆိုသော်လည်း ကြံ့ခိုင်ရေးပါတီ အတွက် ရည်ရွယ်ခြင်း မဟုတ်သကဲ့သို့ ရှိနေသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ဖော်ပြထားသော နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရ ဆိုသည့် ပြဋ္ဌာန်း ချက်များထဲတွင် “နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရှိခြင်း” ဟု ပါဝင်သည်။

ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီများ၏ မဲဆွယ်မှု ဆန်ဆန် လှုပ်ရှားမှုများတွင် လည်းကောင်း၊ တရားဝင် မဲဆွယ်သည့်ကာလတွင် လည်းကောင်း ပါတီများသည် ငြိစွန်းလွယ်သော အထက်ပါဥပဒေများကို ချိုးဖောက် ခြင်း ရှိ မရှိ မီဒီယာများသာမက ပြည်သူများကလည်း သတိထား စောင့်ကြည့်ထုတ်ဖော်ပြောဆိုရန် လိုအပ်သည်။

အထူးသဖြင့် အာဏာလက်ကိုင်ရှိပြီး နိုင်ငံတော်မှ လက်လွှဲယူထားသည့် လုပ်ငန်းများ၊ လူအင်အားစုများဖြင့် ကျောထောက်နောက်ခံ တောင့်တင်းသော ကြံ့ခိုင်ရေးပါတီ၏ လက်တလုံးခြား မဲဆွယ်မှုများကို စောင့်ကြည့် ဖော်ထုတ်ရမည် ဖြစ်သည်။

နိုင်ငံတော်ပိုင်၊ အစိုးရပိုင်နှင့် ပါတီပိုင် မကွဲပြားသော၊ ဝါဒဖြန့်ချိရေးအတွက် သတင်းစာ၊ ရုပ်သံများကို လက်ဝါးကြီးအုပ်ခွင့် ရထားသော ကြံ့ခိုင်ရေးပါတီ၏ မဲဆွယ်လှုပ်ရှားမှုများကို စောင့်ကြည့်ဖေဝန်နိုင်မှသာ ပြိုင်ဘက် အတိုက်အခံများနှင့် တိုင်းရင်းသားပါတီများအတွက် တရားမျှတသော ယှဉ်ပြိုင်မှုဖြစ်ရေး နီးစပ်နိုင်မည်ဖြစ်ပေသည်။

Your Thoughts …
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post

မင်းအုပ်စိုး အမှု ဇူလိုင် ၂၉ တွင် အမိန့်ချမည်

ထိုင်းအစိုးရက ရေအခက်အခဲကြောင့် လယ်ယာများသို့ရေပေးဝေမှုကို ဖြတ်တောက်

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k
စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

1 day ago
5.5k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate