သတင်းတို

မင်းအုပ်စိုး အမှု ဇူလိုင် ၂၉ တွင် အမိန့်ချမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မင်းအုပ်စိုး

သရပါမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ မတေးနုယဉ် သေဆုံးမှုတွင် လူသတ်မှု ပုဒ်မ-၃၀၂ (၂) ဖြင့် စွဲချက်တင်ခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးကို ဇူလိုင် ၂၉ရက်နေ့တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ အမိန့်ချမှတ်မည်ဖြစ်သည်။

အမှုနှင့်ပတ်သက်၍ ယနေ့ရုံးချိန်းတွင် မင်းအုပ်စိုး၏ရှေ့နေက စွဲချက်အား ကြိုတင်ကြံရွယ်ချက် မရှိသော လူသတ်မှု ပုဒ်မ-၃၀၂ (၂) မှ လူသတ်မှု မမြောက်သည့် ပြစ်မှုပြစ်ဒဏ်ထိုက်ေသော လူသေမှု ပုဒ်မ-၃၀၄ သို့ ပြောင်းလဲရန် နောက်ဆုံး လျှောက်လဲချက် တင်ပြခဲ့ပြီး မတေးနုယဉ်ဘက်မှ အစိုးရရှေ့နေကမူ လူသတ်မှုဖြင့်သာ ဆက်လက် ဆောင်ရွက်ရန် ပြန်လည် တင်ပြထားကြောင်း သိရသည်။

မတေးနုယဉ် သေဆုံးမှုမှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက မင်းအုပ်စိုး၏ နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နှစ်ဖက်သက်သေများအား ၇ လ နီးပါးကြာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading