ထိုင်းနိုင်ငံရဲ့ အဓိကဆည်ကြီး ၄ခုဖြစ်တဲ့ ဘူမိဘော၊ ဆရီခစ်၊ ကွေ့နိုင်ဘမ်ရောင်ဒန်၊ ပါဆက်ချိုလဆက် ဆည်ကြီးတွေမှာ ရေလျော့နည်းလာသည့်အတွက် နိုင်ငံ အလယ်ပိုင်းမြေပြန့်ဒေသက လယ်သမားများထံရေ ပေးဝေနေမှုကိုဖြတ်တောက်ဖို့ ထိုင်းအစိုးရ မနေ့က ဆုံးဖြတ်လိုက်တယ်လို့ Bangkok Post သတင်းမှာ ရေးသားထားပါတယ်။ ဒီလိုပြုလုပ်ပါက ဖြစ်ပေါ်လာမယ့် အကျိုးဆက်နှင့်ပတ်သက်ပြီး လယ်သမားတွေကို ငွေကြေးကူူညီမယ်လို့လည်း သိရပါတယ်၊ ဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာက လယ်ယာတွေအတွက်ရေ လွှတ်တာတွေကိုရပ်ဖို့နဲ့ သြဂုတ်လလယ် ှာတော့ မိုးရွာနိုင်တယ်လို့ မျှော်လင့်ပေမယ့် မရွာဘူးဆိုရင်တော့ အခြေအနေတွေ ဆိုးလာလိမ့်မယ်လို့လည်း ဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာက ပြောပါတယ်။ အစိုးရအနေနဲ့ ရေလှောင်တမံအသစ်တခုနဲ့ ရေပေးဝေရေး စနစ်တခုတည်ဆောက်နေကြောင်း၊ ဒီတာဝန်တွေဟာ အရင်အစိုးရက တာဝန်ယူ လုပ်ဆောင်ခဲ့သင့်တယ်လို့ ဝေဖန်ပြောဆိုသွားသလို၊ ဒါအပြင် လယ်သမားများကို ဒီအစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ ပြောဆိုခဲ့ပါတယ်။ ယခုအခါမှာတော့ အရန်ရေသိုလှောင်မှုလျော့နည်းလာတဲ့အတွက် ဘန်ကောက်မြို့က ဆင်ခြေဖုံးအိမ်ရာတွေရေပေးဝေမှုကို စတင်ဖြတ်တောက်နေပြီဖြစ်သလို၊ ဘန်ကောက်မြို့တော်နှင့် ကပ်လျှက်ရှိတဲ့ ပထုန်ဌာနီ ပြည်နယ်မှာလည်း ရေပေးဝေမှု လျော့ချနေပါတယ်၊ထိုင်း ဆည်မြောင်းဌာနကတော့ ရေကို ချွေတာသုံးဖို့ ပြည်သူများကို သတိပေးနေသလို၊ ထိုင်းစစ်တပ်ကလည်း ရေသယ်ကားများနဲ့ ရေဖြန့်ဝေနေပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။