သတင်းတို

ထိုင်းနိုင်ငံ ဟွာဟင်ဒေသ၌ ဆင် ၃ကောင် ထူးဆန်းစွာ သေဆုံး

This article has been converted from Zawgyi One to Unicode

ဆင်

ထိုင်းနိုင်ငံ ပရာကျွတ်ကရီခန်ပြည်နယ် ဟွာဟင်ဒေသရှိ အဆွမ်ဘူရပါ တရားစခန်းမှ ဆင် ၃ကောင် ထူးဆန်းစွာ သေဆုံးနေသည့်အတွက် စုံစမ်းစစ်ဆေးမှုကို ယနေ့စတင်ပြုလုပ်နေသည်။ အဆိုပါ ဆင် ၃ကောင်မှာ အစွယ် ၃၀စင်တီမီတာအရှည်ရှိ ၁၀နှစ်သားအရွယ် ဆင်ထီးတကောင်၊ ၇နှစ်နှင့် ၃နှစ်အရွယ်ရှိ ဆင် မ ၂ကောင်ဖြစ်ပြီး လယ်ကွင်းတခုအနီးရှိ မြက်ခင်းပေါ်တွင် အစုလိုက် သေဆုံးနေခြင်းဖြစ်သည်၊ အနီးအနားရှိ ရွာသားများက မနေ့ညကတည်းက သေဆုံးနေသည်ဟု ယူဆကြသည်၊ ပရာကျွတ်ကရီခန်းပြည်နယ် အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့က အဆိုပါ ဆင်များ တစုတဝေးထဲ သေဆုံးနေခြင်းနှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်နေပြီး၊ ဆင်များ၏ ကိုယ်ပေါ်တွင် ဒဏ်ရာမရှိသော်လည်း မျက်စိနှင့် ပါးစပ်များတွင် သွေးများထွက်နေသည့်အတွက် ပိုးသတ် ဆေးဖြန်း ထားသည့် အသီးအရွက်များကို စားသုံး၍ သေဆုံးခြင်းဟု ယူဆကြောင်း ခန်းကရာချန် အမျိုးသားဥယျာဉ် အကြီးအကဲကဆိုသည်။ ဆင်များသေဆုံးမှုနှင့် ပတ်သက်၍ တရားဝင်အဖြေထုတ်နိုင်ရန် ခွဲစိတ်စစ်ဆေးသင့်ကြောင်း အမျိုးသားဥယျာဉ် အကြီးအကဲက ကောက်ချက်ချသည်။

Loading