ထိုင်းနိုင်ငံက တရုတ်လုပ်ရေငုပ်သင်္ဘော ၃စီး ဝယ်ယူမည့်အစီအစဉ်နဲ့ ပတ်သက်ပြီး ရွေ့ဆိုင်းထားဖို့ ကာကွယ် ရေး ဝန်ကြီး ပရာဝစ်ဝေါင်ဆူဝမ်က မနေ့ကပြောဆိုလိုက်ကြောင်း ဘန်ကောက်ပိုစ်သတင်းမှာ ဖော်ပြထားပါ တယ်။ ထိုင်းရေတပ်အနေနဲ့ ဒီရေငုပ်သင်္ဘောတွေကို ဘာကြောင့်ဝယ်ယူဖို့ လိုအပ်သလဲဆိုတာကို ခိုင်လုံတဲ့ အကြောင်းပြချက်မပေးနိုင်ရင် အစိုးရအဖွဲ့မှာ ဒီအစီအစဉ်ရှိမှာမဟုတ်သလို၊ ရေငုပ်သင်္ဘောဝယ်ယူခြင်းဟာ မိမိရေပြင်ပိုင်နက်အတွင်းမှာရှိတဲ့ အမျိုးသား အကျိုးစီးပွားကို ကာ ကွယ်ဖို့ဆိုတာ ပြည်သူကို ရှင်းရှင်းလင်းလင်း ချပြသင့်တယ်လို့ သူကဆိုပါတယ်။ ထိုင်းရေတပ်ဟာ မကြာသေးမီက တစီးကို ဘတ် ၁၂ဘီလျံတန်ဘိုးရှိတဲ့ တရုတ်လုပ်ရေငုပ်သင်္ဘော ၃စီးဝယ်ယူဖို့ ဝန်ကြီးချုပ် ပရာယွဒ်ချန်အိုချာ၊ ကာကွယ်ရေးဝန်ကြီးတို့ရဲ့ ထောက်ခံ မှုနဲ့ လုပ်ဆောင်ခဲ့ပေမယ့် နိုင်ငံရေးပါတီတခုဖြစ်တဲ့ ဖုယာ့ ထိုင်းပါတီ၊ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ရေးကော် မတီနဲ့ တခြားသော လူထုအခြေပြုအဖွဲ့အစည်းတွေက ကန့်ကွက်နေကြပြီး ရေငုပ်သင်္ဘောလို လက်နက် အသစ်တွေ ဝယ်ယူမယ့် အစား ကျဆင်း နေတဲ့ တိုင်းပြည်စီးပွားရေးနဲ့ တခြားသောလူမှုပြဿနာများ ကို ပြုပြင်ရေးမှာ အားစိုက်ဖို့ ထောက်ပြပြောဆိုခဲ့ပါတယ်။ မနေ့ကတော့ ထိုင်းဝန်ကြီးချုပ်ကတော့ ရေတပ်အနေနဲ့ ဝယ်ယူရေး အစီအစဉ်နဲ့ ပတ်သက်ပြီး လေ့လာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ အမည်မဖော်လိုတဲ့ ရေတပ်အရာရှိကြီးတဦးကတော့ ဒီလိုရွေ့ဆိုင်းခြင်းဟာ ထိုင်းနိုင်ငံကို တရားမဝင်ရောက်ရှိ လာခဲ့တဲ့ ဝီဂါမွတ်ဆလင်တွေကို တရုတ်နိုင်ငံကို ပြန်ပို့တဲ့ကိစ္စမှာ ဝေဖန်မှုတွေ မြင့်တက်လာတဲ့အတွက်ဖြစ် တယ်လို့ သုံးသပ်ကြောင်း Bangkok Post သတင်းကဆိုပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။