၂၀၁၅ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသ ကြီး လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်အဖြစ် လွှတ်တော် ၄ ရပ် အ တွက် မဲဆန္ဒနယ်များအား ဇူလိုင် ၁၆ ရက်နေ့တွင် မဲဆန္ဒနယ်များကို တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော် မရှင် အဖွဲ့ခွဲ့က ထုတ်ပြန် ကြေညာလိုက်သည်။ မန္တလေးတိုင်းတွင် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်အတွက် ၂၈ နေရာ၊ အမျိုးသား လွှတ်တော်အတွက် ၁၂ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် ၅၆ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ် ၁ နေရာ (ရှမ်း တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်) သတ်မှတ်လိုက်သည်။ မန္တလေး တိုင်းဒေသကြီးတွင် ခရိုင် (၇) ခုနှင့် မြို့နယ် (၂၈) မြို့နယ်ရှိပြီး ရွေးကောက်ပွဲတွင် မဲပေးနိုင်သည့် မဲဆန္ဒရှင်အရေအတွက် သိန်း ၄၀ ခန့်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ ထုတ်ပြန်လိုက်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။