တပ်နှင့် DKBA တိုက်ပွဲများ KNU ကြားဝင်
This article has been converted from Zawgyi One to Unicode
အာရှ လမ်းမကြီးအနီး အစိုးရ တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) တို့ကြား တိုက်ပွဲများ ရပ်တန့်နိုင်ရန် ကရင် အမျိုးသား အစည်းအရုံ (KNU)မှ ကြားဝင် ဖြေရှင်းပေးနေကြောင်း သိရသည်။ KNU ပြောရေးဆိုခွင့်ရှိသူ ဗဒိုမန်းမန်းက“နှစ်ဘက်စလုံးကို ကျနော်တို့ စာပို့ဖို့ရှိတယ်။ တွေ့ဆုံဖို့ ရှိတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီကိုလည်း တင်ပြဖို့ ရှိပါတယ်။ ကျနော်တို့လည်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကို ထိခိုက်မှာကို စိုးရိမ်ပါတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။ တပ်မတော်နှင့် DKBA သည် ဇူလိုင် ၂ ရက်မှစ၍ အာရှ လမ်းမကြီးပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲ မဖြစ်ပွားခင် DKBA အပါအဝင် ကရင် အမျိုးသား အစည်းအရုံး(KNU)နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) တို့သည် အာရှလမ်းမကြီးပေါ်တွင် ခရီးသွားကားများနှင့် ကုန်တင်ကားများကို ဂိတ်ကြေးများ ကောက်ခံနေကြခြင်း ဖြစ်သည်။