ထိုင်းအစိုးရရဲ့ ဆည်မြောင်းရေကို လယ်ယာမြေများသို့ သွယ်ယူခြင်းမပြုဖို့ တားမြစ်ချက်ကို လယ်သမားများက လက်မခံကြောင်း ငြင်းဆိုလိုက်တယ်လို့ Bangkok Post သတင်းတွငင် ဖော်ပြထားပါတယ်၊ မိုးခေါင်ရေရှား ဖြစ်နေတဲ့အတွက် အဓိက ဆည်ကြီး ၄ခုဖြစ်တဲ့ ဘူမိဘော၊ ဆရီခစ်၊ ကွေ့နိုင်ဘမ်ရောင်ဒန်၊ ပါဆက်ချို လဆက် ဆည်ကြီးတွေမှာ ရေလျော့ နည်းလာနေတာကြောင့် နိုင်ငံအလယ်ပိုင်းမြေပြန့်ဒေသက လယ်သမားများထံ ရေပေးဝေနေမှုကိုဖြတ်တောက်ဖို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့ အင်္ဂါနေ့ကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်၊ အစိုးရအနေနဲ့ ကတော့ မိုးခေါင်ရေရှားဖြစ်လာတဲ့အတွက် စိုက်ပျိုးရေထက် သောက်သုံးရေ ရရှိရေးပိုမိုအလေးပေးချင်ပြီး အဲဒီအတွက် တောင်သူများရဲ့ နစ်နာမှုကို အစိုးရက ကူညီမယ်လို့ ဆိုပါတယ်။ နခွန်းဆဝမ်ပြည်နယ်က လယ်သမားအများစုကတော့ သောက်သုံးရေပေးရာ မြောင်းတွေကနေပြီး ရေတင်စက်တွေနဲ့ စုတ်ယူနေ ပြီါ် သူတို့လယ်တွေ ရေမရလို့ သီးနှံပျက်ရင် အလွန်တရာကြီးမားတဲ့ ဆုံးရှုံးတွေဖြစ်လာမယ်လို့ ဆိုပါတယ်။ Tha Ngew မြို့နယ်အကြီးအကဲကတော့ အခုလိုဖြစ်ရတာဟာ အစိုးရအနေနဲ့ မေလကုန်က လယ်သမားတွေ စပါးစိုက်ဖို့ ပြောခဲ့တာ ကြောင့် အခုဆိုရင် တလသား ၂လသားရှိနေပြီဖြစ်တဲ့ စပါးပင်တွေဟာ ရေလိုနေပြီလို့ဆိုပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ ကွင်းဆင်းပြီး လယ်သမားတွေရဲ့ အခက်အခဲ စိုးရိမ်ပူပန်မှုတွေကို လေ့လာဆောင်ရွက်ဖို့လည်း သူကပြောပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။