ရုရှားနဲ့ တရုတ်ရေတပ်တွေဟာ လာမယ့် သြဂုတ်လကုန် ဂျပန်ပင်လယ်ပြင်မှာ ပူးတွဲစစ်ရေးလေ့ကျင်ဖို့ရှိတယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန အရှေ့ဖျားစစ်ဒေသ သတင်းထုတ်ပြန်ရေး အဖွဲ့က ပြောဆိုလိုက်ပါတယ်။ နှစ်နိုင်ငံ ပူးတွဲ စစ်ရေး လေ့ကျင့်မှုမှာ စစ်သင်္ဘော ၂၀ကျော်နဲ့ ထောက်ပံရေးရေယာဉ်တွေ ပါဝင်မှာဖြစ်သလို၊ လေယာဉ်တွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ “ဒါဟာ ရေတပ်နဲ့ ပတ်သက်လို့ ပထမဆုံးပူးတွဲ လေ့ကျင့်တာဖြစ်ပါတယ်၊၂ဘက်လုံးက ကမ်းတက်ရေယာဉ်တွေ၊ လေယာဉ်တွေကိုသုံးမှာဖြစ်တယ်”လို့ အရှေ့ဖျားစစ်ဒေသ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောခွင့်ရသူ စစ်ဘက်ဆိုင်ရာအရာရှိ ရိုမန် မာတော့ဗ်က ဆိုပါတယ်။ ဂျပန်ဝန်ကြီးချုပ် အဆိုပြုတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ပင်လယ်ရပ်ခြား သွားရောက်တိုက်ခိုက်ခွင့်ပြုမယ့် ဥပေဒေကြမ်းကို ဂျပန်အောက်လွှတ်တော်က အတည်ပြုပြီးတဲ့နောက်မှာ ဂျပန်ပင်လယ်မှာ အခုလို ရုရှား- တရုတ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မယ်လို့ ကြေညာလိုက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်က ဂျပန်ကျူးကျော်မှုကို အမြဲတမ်းထောက်ပြပြောဆိုနေသလို၊ ဂျပန်နိုင်ငံဟာ ရုရှားနိုင်ငံနဲ့လည်း ကူရိုင်းကျွန်းဆွယ်များအရေး ယခုတိုင်ဖြေရှင်းလို့ မရသေးဘူးဖြစ်နေပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။