ထိုင်းစစ်တပ်က “ပြည်သူများလူနေမှုစရိတ်လျော့ချရေး”ရည်ရွက်ချက်ဖြင့် အစားအသောက်များကို ဈေးနှုန်းသက်သာဖြင့် ရောင်းချပေးသည့် အစီအစဉ်ကို မနေ့က စတင်လိုက်သည်။ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Udomdej Sitabutrက ပြည်နယ်အသီးသီးရှိ တပ်စခန်းများအနေဖြင့် မိမိတို့၏ တပ်အပြင်ဘက် သို့မဟုတ် လူနေရပ်ကွက်များအတွင်း၌ ဈေးနှုန်းသက်သာပြီး သန့်ရှင်းသည့် ချက်ပြုတ်ပြီး အစားအစာများကို အကျိုးအမြတ်မယူပဲ ရောင်းချပေးရန် ညွှန်ကြားထားကြောင်း Bangkok Post သတင်းတွင် ရေးသားထားသည်။ ရောင်းချရာတွင် ထမင်း၊ အသားဟင်း၊ ကြက်ဥကြော်၊ ခေါက်ဆွဲစသည့်တို့ဖြစ်ပြီး တန်ဘိုးမှာ ၁၀ဘတ်မှ ၁၂ဘတ်(မြန်မာငွေ ၃၅၀ကျပ်)ခန့်ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်၊ ပြင်ပဆိုင်များတွင် ဟင်းတထုတ်၏ တန်ဘိုးမှာ ဘတ် ၄၀ခန့်ဖြစ်သည်၊ ဒေသခံတပ်များအနေဖြင့် လူထုနှင့် ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် တိုးချဲ့ရန်ဖြစ်သည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။