အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (Committee to Protect Journalists – CPJ) က အလဲဗင်းမီဒီယာ ပိုင်ရှင် ဦးသန်းထွဋ်အောင်အား တိုက်ခိုက်မှုအပေါ် ရှုတ်ချလိုက်ပြီး ပါဝင်ပတ်သက်နေသူများကို မြန်မာအစိုးရအနေဖြင့် တရားဥပဒေအရ အရေးယူရန် တိုက်တွန်းတောင်းဆိုလိုက်သည်။ CPJ ၏ အရှေ့တောင်အာရှရေးရာ အကြီးတန်းကိုယ်စားလှယ် Shawn Crispin က “ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို အာဏာပိုင်တွေအနေနဲ့ ပြစ်ဒဏ်ပေးဖို့၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ပွဲတွေ ကျင်းပတော့မယ့်အချိန်မှာ စာနယ်ဇင်းတွေကို ပိုမိုကောင်းမွန်တဲ့ အကာအကွယ်တွေ ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်” ဟု CPJ ၏ ထုတ်ပြန်ချက်တွင် ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။