ထိုင်းနိုင်ငံတွင် ကားလမ်းမြေကျွံမှု ထပ်မံဖြစ်ပွား
This article has been converted from Zawgyi One to Unicode
ထိုင်းနိုင်ငံတွင် မိုးခေါင်သဖြင့် မြစ်၊ချောင်း၊ တမံများအတွင်း ရေခန်းခြောက်လာသည့်အတွက် မြေပြိုမှုများဖြစ် ပေါ်နေရာ ယမန်နေ့ညကလည်း ပထုန်ဌာနာနီ ပြည်နယ် လမ်လပ်ခ ခရိုင်နှင့် သန်ရာဘူရီခရိုင်ကို ဆက်သွယ်ထားသည့် တူးမြောင်လမ်း၌ ၁၀၀မီတာခန့် ကျွံကျသွားကြောင်း ထိုင်း PBS သတင်းတွင် ဖော်ပြထားသည်။ ပြိုကျစဉ် လမ်းပေါ်တွင် မည်သည့်ကားမျှ သွားလာနေခြင်းမရှိပေ။ ထိုင်းနိုင်ငံတွင် မိုးခေါင်ကာ ချောင်းမြောင်းများ ရေခမ်းခြောက်နေသည့် မြစ်ချောင်းနံဘေးရှိ လမ်းများတွင် မြေပြိုမှု ဖြစ်နိုင်ကြောင်း သတိပေးထားရာ ယခုဖြစ်စဉ်မှာ ၄ကြိမ်မြောက်ဖြစ်သည်၊ မကြာသေးမီကလည်း ဆာရာဘူရီနှင့် အယုဒ္ဓယတို့တွင် ကမ်းပါးပြိုကျကာ လမ်းပြိုမှုများ ဖြစ်ပွားခဲ့သေးသည်။ အာရှတိုက်တွင် ရာသီဥတုဖောက်ပြန်မှုကြောင့် ထိုင်းနိုင်ငံတွင် မိုးခေါင်လျှက်ရှိသော်လည်း မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှုများပြားသည့်အတွက် ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေသည်။