အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်နှင့် မအူပင်ခရိုင်သို့ ယခုလ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် စည်းရုံးရေးခရီး စဉ်အဖြစ် လာရောက်ကာ ကျိုက်လတ်မြို့၌ ဇူလိုင်လ ၂၅ ရက်၊ နေ့လည် ၁၂ နာရီ ၃၀ မိနစ်တွင် ဟောပြောပွဲပြုလုပ်မည်ဖြစ်ပြီး မော်လမြိုင်ကျွန်းမြို့၌ ဇူလိုင်လ ၂၆ ရက်၊ နံနက် ၁၀ နာရီတွင် ဟောပြောမှုများပြုလုပ်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်း NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်တဦးက ဧရာဝတီကို ပြောဆိုသည်။ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်မှာ ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလအတွင်း ဧရာဝတီတိုင်းသို့ ပထမဆုံးလာရောက်သည့် စည်းရုံးရေးခရီးစဉ်တခု ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။