ခွေးလေး ဂျိုဂို အသတ်ခံရမှု တရားမျှတရေး ခွေးချစ်သူများ တောင်းဆို
This article has been converted from Zawgyi One to Unicode
ထိုင်းနိုင်ငံ၌ ဂျိုဂို အမည်ရှိ ၅နှစ်သား အရွယ် ဆိုက်ဗေးရီးယန်း ဟပ်စကီ အမျိုးအစား ခွေး တကောင်အား ရက်စက်သတ်ဖြတ်မှုနှင့် ပတ်သက်၍ ခွေးချစ်သူ ၅၀ခန့်က ၎င်းတို့၏ ခွေးလေး များနှင့်အတူ နခွန်ရက်ချစီမာ ပြည်နယ်မြို့တော်ခန်းမရှေ့တွင် ယနေ့နံနက်ပိုင်းက စုရုံးကာ“RIP JOGO” ပိုစတာများကို ကိုင်ဆောင်၍ ဂျိုဂို သတ် ဖြတ်ခံရမှုတွင် တရားမျှတမှုဖြစ်စေရေး တောင်းဆိုကြောင်း Bangkok Post သတင်းတွင် ရေးသားထား သည်။ အဆိုပါ ဖြစ်ရပ်မှာ ဆခွန်နခွန်ပြည်နယ် ဝါရစ်ချဖန်ခရိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပို့စတာများတွင် ရေးသား ချက်အရ ဂျိုဂိုသည် ဘဲများကို လိုက်လံဖမ်းဆီးသည့်အတွက် ဘဲပိုင်ရှင်သူကြီးက ဓားဖြင့်မျက်နှာကိုခုတ်လိုက် ပြီး ဒဏ်ရာရသွားသည့် ခွေးကိုအိတ်ဖြင့်ထည့်ကာ အဝေးသို့လွှင့်ပစ်စေခဲ့ရာ သတ်ပစ်လိုက်သည်ဟုယူဆ ရကြောင်း သိရသည်။ ထို့အတွက် အဆိုပါ ခွေးချစ်သူများအဖွဲ့က တရားမျှတမှုရရှိစေရေး လုပ်ဆောင်ပေးရန် ရဲကိုပြောဆိုခဲ့သည်ဟု သိရသည်။