တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ရခိုင်အမျိုးသားပါတီ ( ANP ) ဥက္ကဌ ဒေါက်တာ အေးမောင် ဦးဆောင် သည့် အဖွ့ဲဝင် ၁၈ ဦးပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် တရုတ်နိုင်ငံသို့ ဇူလိုင်လ ၂၁ ရက်နေ့တွင် သွားရောက်ကြ မည်ဟု သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ အနေဖြင့် ရခိုင်အမျိုးသားပါတီအား သီးသန့် ဖိတ်ခေါ်မှုသည် ပါတီနှစ်ခု အကြား ချစ်ကြည် ရင်းနှီးမှု တည်ဆောက်နိုင်ရန်နှင့် ဆက်ဆံရေး ပိုမို ကောင်းမွန်ရေး အတွက်ဖြစ်ကြောင်း၊ သို့သော် ခရီးစဉ် အတွင်း၌ မည်သည့် အကြောင်းအရာများအား ဆေးနွေးကြမည်ကို သေချာမသိသေးကြောင်း၊ ရခိုင်ပြည်နယ်အတွင်း၌ ရှိသည့် တရုတ်စီမံကိန်းများ၏ အကျိုးစီးပွား အတွက် အဓိက ဖြစ်နိုင်ကြောင်း ANP ၏ ဗဟိုအဖွဲ့ဝင် တဦး က ပြောသည်။ ANP ပါတီဝင်များသည် ၎င်းတို့ ခရီးစဉ်အတွင်း ပါတီ တာဝန်ရှိသူများနှင့်အစိုးရ ဏာဏာပိုင် တချို့နှင့်လည်း တွေ့ဆုံ မည်ဟု သိရပြီး၊ ဒေါက်တာ အေးမောင်သည် တရုတ်နိုင်ငံသို့ ယနေ့ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။