ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု ညှိနှိုင်းဖြေရှင်းရေး ကော်မတီဖွဲ့စည်း လိုက်ပြီဖြစ်ကြောင်း ကရင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က ဧရာဝတီ သို့ပြောသည်။ “ဒီကော်မတီအနေနဲ့ဘာတွေဆောင်ရွက်ရမယ်ဆိုတာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မထုတ်ပြန် ထားသေးဘူး”ဟု ဦးကျော်ဝင်းမောင်က ဆိုသည်။ေ ရွးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှု ညှိနှိုင်းဖြေရှင်းရေး ကော်မတီများကို ဖွဲ့စည်းရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တိုင်းဒေသကြီးနှင့်ပြည်နယ်များအပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသများ နှင့်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်များကို တရားဝင်ညွှန်ကြားခြင်းဖြစ်ကြောင်း၊ ယင်းသို့ဖွဲ့စည်းရာတွင် တိုင်းဒေသကြီး ၊ပြည်နယ်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိဒေသ ခရိုင့်နှင့်မြို့နယ်အ သီးသီးတို့ရှိ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီ၊စည်ပင်သာယာရေးကော်မတီနှင့်ရပ်ကွက် (သို့)ကျေးရွာ အုပ်စုဖံွ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီများရှိ ကော်မတီဝင်များဖြင့်ဖွဲ့စည်းရန် ညွှန်ကြား ထားကြောင်း သိရှိရသည်။ “ဒီကော်မတီအနေနဲ့ဖြစ်လာတဲ့အပေါ်မှာဘယ်လောက်အထိဖြေရှင်းပေးနိုင်မလဲပေါ်မှာဘဲမူတည်တယ်။ လောလော ဆယ်မှာ လွတ်လပ်စွာလုပ်လို့ရပါတယ်ဆိုတဲ့လုပ်ငန်းစဉ်းတွေချပြတာမရှိသေးဘူး။ ဒီဟာကိုဌာန ဆိုင်ရာက လူတွေမပါတဲ့ကော်မတီပဲဖြစ်စေချင်တယ်။ အရပ်ဘက်မှာလည်း တကယ်ကိုပြည်သူက လေးစားတဲ့ ရပ် မိရပ်ဖမျိုးကိုသာရွေးချယ်စေချင်တယ်။ အစိုးရကအမည်ပေါက်နဲ့ချပေးတဲ့ရပ်မိရပ်ဖမျိုးကိုမလိုချင်ဘူး”ဟု မြဝတီမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်မှမြို့နယ် အလုပ်အမှုဆောင် ကိုသန့်ဇင်အောင ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။