ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အတွင်းရှိ ရေကူး အသံလွှင်စက်ရုံဝင်းနေရာတွင် မီဒီယာနှင့် ပတ်သက်သည့် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ လက်ရှိ အသံလွှင့်ပစ္စည်းများ ရွှေ့ပြောင်းခြင်းအတွက် တင်ဒါအောင်မြင်သူ မရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ လွှတ်တော်တွင် ဆင့်ခေါ် မေးမြန်းသည်အထိ အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်စေခဲ့သည့် ယင်းတင်ဒါခေါ်ယူမှုတွင် ကုမ္ပဏီ ၆ ခု တင်ဒါပုံစံ ဝယ်ယူခဲ့ကြောင်း၊ အဆိုပြုလွှာ တင်သွင်းရက်ကို ၁ လ တိုးမြှင့်ပေးခဲ့ကြောင်း၊ ကုမ္ပဏီ ၂ ခုကသာ အဆိုပြုလွှာ တင်သော်လည်း သတ်မှတ် အခြေခံလိုအပ်ချက်များနှင့် ကိုက်ညီမှု မရှိ၍ တင်ဒါအောင်မြင်သူ မရှိကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ကြေညာထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။