ပြန်ကြားရေးဝန်ကြီးဌာနက သမ္မတဦးသိန်းစိန်ကို အကြည်ညိုပျက်စေသော သတင်းရေးသားသည်ဟု ဆိုကာ မြန်မာသံတော်ဆင့်ဂျာနယ်ကို တရားစွဲထားမှုကို ယနေ့ ဇူလိုင် ၂၁ ရက်နေ့တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံးက ငွေကျပ် သိန်း ၂၀ ကျပ် ပေးဆောင်ရန် ငွေဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။ြ ပန်ကြားရေးဝန်ကြီးဌာနက မြန်မာသံတော်ဆင့်ဂျာနယ်မှ အယ်ဒီတာချုပ်အပါအဝင် ဝန်ထမ်း ၁၁ ဦးကို အကြည်ညို ပျက်စေမှု ဖြင့် တရားစွဲဆိုခဲ့ပြီး တရားရုံးက ဦးဝင်းကိုကိုဦး(ခ) ဦးအံ့ခေါင်မင်း(ဒု-အယ်ဒီတာချုပ်-နိုင်ငံရေး) နှင့် ဦးကျော်စွာဝင်း (အယ်ဒီတာချုပ်၊ ထုတ်ဝေသူ)တို့ကို တဦးလျှင် ဒဏ်ငွေ ၁၀ သိန်းစီဖြင့် စုစုပေါင်း ငွေကျပ် သိန်း ၂၀ ချမှတ်လိုက်ကာ ကျန်သည့် ၉ ယောက်အား တရားသေလွှတ်လိုက်ကြောင်း မြန်မာသံတော်ဆင့် ရှေ့နေ ဦးဇော်လင်းက ပြောသည်။ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၉ ရက်က ထုတ်ဝေသော မြန်မာ သံတော်ဆင့် ဂျာနယ်တွင် အံ့ခေါင်မင်း ရေးသားသည့် နိုင်ငံရေး တွေ့ဆုံ မေးမြန်းခြင်း ကဏ္ဍတွင် သမ္မတ ဦးသိန်းစိန်ကို ဂုဏ်သိက္ခာ ထိခိုက်စေပြီး အကြည်ညို ပျက်စေသည့် အသုံး အနှုန်းများ ရေးသားဖော်ပြခဲ့သဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနက မြန်မာသံတော်ဆင့် ဂျာနယ်အား သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။