၂၀၁၅ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် တပ်မတော်သားများ၏ မဲစာရင်းများကို စတင် စိစစ် နေပြီ ဖြစ်ကြောင်း၊ တပ်မတော်သားအနေဖြင့် တပ်တွင်း (သို့မဟုတ်) တပ်အပြင် မည်သည့်နေရာတွင် မဲပေးရမည် ကိုမူ ကော်မရှင်အနေဖြင့် မဆုံးဖြတ် ရသေး ဘဲ အခြေအနေအရ ပြုလုပ် သွားဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က ဧရာဝတီသို့ ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်မှလည်း တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ မဲစာ ရင်းများကို စတင်ကောက်ယူနေပြီး မည်သည့်အချိန်တွင် စာရင်း ထုတ်ပြန်နိုင်မည်ကို မသိသေးကြောင်းတိုင်းကော်မရှင် အဖွဲ့ဝင်တစ်ဦးက ဧရာဝတီကို ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။