သတင်းတို

၈၈ မှ ဦးဌေးကြွယ် NLD ကိုယ်စားပြု၍ မိုးကုတ်မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ရန် လျှောက်လွှာတင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

SoftNews2၂၀၁၅ ရွေးကောက်ပွဲတွင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဦးဌေးကြွယ်သည် မန္တလေးတိုင်း မိုးကုတ်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ထံသို့ လွှတ်တော် ကိုယ်စားလှယ်  လောင်း အဆိုပြုလွှာတင်ထားကြောင်း သိရသည်။ “အဖွဲ့ချုပ်ကိုပဲ တင်ထားသေးတယ်ထင်တယ်၊ တိုင်းရုံးကိုတော့ ရောက်မလာသေးဘူး၊ မနေ့က သူဝင်ပြိုင်မယ်ဆိုပြီး မန္တလေးမှာရှိတဲ့ ၈၈ အဖွဲ့က စာလာပေးသွာတာတော့ရှိတယ်၊ စာထဲမှာ သူ့နာမည်ပဲ ပါတယ်၊ လက်မှတ်ထိုးမထားဘူး” ဟု NLD မန္တလေးတိုင်းအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှုး ဦးတင်ကိုကိုက အတည်ပြုပြောကြားသည်။ ဦးဌေးကြွယ်သည် ပြည့်သူလွှတ်တော်တွင် မန္တလေးတိုင်း မိုးကုတ်မဲဆန္ဒနယ်အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံရန် ကိုယ်စားလှယ်လောင်း အဆိုပြုလွှာကို ဇူလိုင် ၂၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်တင်ထား သော်လည်း မန္တလေးတိုင်း NLD ရုံးသို့ ရောက်မလာသေးကြောင်း တိုင်းအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှုး ဦးတင်ကိုကိုက ပြောသည်။ ဦးဌေးကြွယ်သည် ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီ လှုပ်ရှားမှုအစည်းအရုံး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ ပြန်လည်ဖွဲ့စည်းရေး ကော်မတီတို့တွင် ဦးဆောင်ပါဝင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အင်းစိန်ထောင်တွင် အကျဉ်းကျခံခဲ့သည်။ ၂၀၀၅ – ၂၀၀၇ တွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အနေဖြင့် ပါဝင်ခဲ့ရာ ၂၀၀ရ တွင် ထပ်မံဖမ်းဆီးခံရ၍ ထောင် ၆၅ နှစ် ပြစ်ဒဏ်ကျခံရန် အမိန့်ချမှတ်ခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ဖော်ဖော်ဝါရီတွင် ဘူးသီးထောင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading