လာအို ဘောလုံးကလပ်အသင်းများတွင် အသက်မပြည့်သေးသည့် အာဖရိကန် လူငယ်ဘောလုံးသမားများ ခေါ်ယူထားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမယ်လို့ လာအိုဘောလုံးအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ လာအိုတောင်ပိုင်းအခြေစိုက် ကလပ်အသင်းတခုဖြစ်သည့် ချမ်ပါဆက် ယူနိုက်တက်(Champasak United) ဘောလုံးအသင်းက အသက်မပြည့်သေးသည့် အာဖရိကန်ဘောလုံးသမားများကို အခွင့်အလမ်းကောင်း များပေးမည်ဆိုကာ လိမ်ညာငှားရမ်းခဲ့ကြောင်း BBCသတင်းမှာ ဖော်ပြခဲ့ပြီးနောက်အခုလို စုံစမ်းတာဖြစ်ပါတယ်၊ အဲဒီကလပ်အသင်းမှာ ကစားခဲ့ဖူးတဲ့ ၁၄နှစ်အရွယ် လိုင်ဘေးရီးယန်းဘောလုံးသမား ကက်ဆလီကမာရာက သူတို့တွေစုပြီး ကြမ်းပြင်မှာ အိပ်ရကြောင်း BBCကို ပြောဆိုခဲ့ပါတယ်။ ဖီဖာ၏ သတ်မှတ်ချက်အရ အသက် ၁၈နှစ်အောက်ကစားသမားများကို နိုင်ငံခြားကလပ် အသင်းသို့မဟုတ် အကယ်ဒမီများသို့ ပြောင်းရွေ့မှု ပိတ်ပင်ထားပါတယ်၊ ဒါပေမယ့် ချမ်ပါဆက်ကလပ်အသင်းကတော့ ဒီကိစ္စကို ငြင်းဆိုထားပြီး အာဖရိက ပြည်သူတွေကို ကူညီတဲ့အစီအစဉ်သာဖြစ်တယ်လို့ AFP သတင်းကို ပြောဆိုခဲ့ပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။