ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်းလူသတ်မှုကို ဇူလိုင်လ ၂၂ ရက်နေ့တွင် ကြားနာမှု ပြန်လည် ဆောင်ရွက်ရာ တရား လိုပြ သက်သေများဘက်က အမှုစစ် ရဲမှူးကြီးကို ယနေ့ နံနက်ပိုင်းက စစ်ဆေးကြားနာခဲ့ကြောင်း၊ ထိုအမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့်က ဧရာဝတီကို ပြောသည်။ အမှုစစ်ရဲမှူးကြီးက ထွက်ဆိုရာတွင် အခင်းဖြစ်ပွားခဲ့သည့် နေရာမြေပုံ၊ CCTV မှတ်တမ်းပါ အချက်များကို ပြသစစ်ဆေးမှု များ ပြုလုပ်ခဲ့သည့် အကြောင်းအရာများနှင့်ပတ်သက်၍ ထွက်ဆိုခဲ့ကြောင်း၊ ၎င်း၏ ထွက်ဆိုမှုများနှင့်ပတ်သက်၍ တရား ခံများဘက်မှ အကျိုးဆောင် ရှေ့နေများက ပြန်လှန်းမေးခွန်းများ မေးမြန်းသွားမည် ဖြစ်ကြောင်း သိရသည်။ လိပ်ကျွန်း လူသတ်မှု၏ ကြားနာစစ်ဆေးမှု ရုံးချိန်းကို ဇူလိုင်လ ၈ ရက်နေ့က စတင်ခဲ့ပြီး၊ လာမည့် စက်တင်ဘာလတွင် အပြီးသတ် ကြားနာနိုင်ဖွယ် ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။