သတင်းတို
နမ့်စန်မြို့ရှိ NLD ဆိုင်းဘုတ်နှင့်အလံများ ဖျက်ဆီးမှုနှင့် ဖမ်းဆီးခံရသူများ ပြန်လွတ်
This article has been converted from Zawgyi One to Unicode
ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ်အတွင်းရှိ ရွာပေါင်း ၂၀ ကျော်၌ တပ်ဆင်ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဆိုင်းဘုတ်နှင့် အလံများကို ဖျက်ဆီးခဲ့သည်ဟု ယူဆရသူ မတ်ကျန်း ဌာနေပြည်သူ့စစ် ၄ ဦးကို ယမန်နေ့ညက ပြန်လွှတ် လိုက်ကြောင်း သိရသည်။ အဆိုပါ ဆိုင်းဘုတ်များကို ဓားဖြင့်ခုတ်ခြင်း၊ ပါတီအလံများ ဖြုတ်ယူခြင်း ပြုလုပ်သွားသည့် ၄ ဦး ကို နမ့်စန် ရဲစခန်းက မည်သည့် အာမခံချက်မှမယူဘဲ ပြန်လွှတ်လိုက်သည်ဟု နမ့်စန်မြို့နယ် NLD သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်အေး က ဧရာဝတီသို့ ပြောသည်။ ထိုဆိုင်းဘုတ်နှင့် အလံများ ဇူလိုင်လ ၂၁ ရက် ညပိုင်းက ဖျက်ဆီးခံခဲ့ ရပြီး ထိုသို့ ပြုလုပ်သူဟု ယူဆရသူ ၄ ဦးကို ယင်းနေ့တွင် နမ့်စန်ရဲစခန်းက ဖမ်းမိခဲ့ခြင်း ဖြစ်သည်။