မြန်မာနိုင်ငံအတွင်း လာရောက်သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသား ၁၅၃ ဦးကို ထောင်ဒဏ် တသက်တကျွန်းချ မှတ်ခြင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် လေးလေးနက်နက် စိုးရိမ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Lu Kang က ပြောဆိုလိုက်ကြောင်း တရုတ်သံရုံးမှ ကြေညာချက်ရေးသားထားပါတယ်။ ဒါအပြင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကိုလည်း ခေါ်ယူကာ မြန်မာ့တရားစီရင်မှုကို ဝေဖန်ပြောဆိုခဲ့ ပါသေးတယ်။မြန်မာ ဒုနိုင်ငံခြာေးရးဝန်ကြီး ဦးသန့်ကျော်ကတော့ မြန်မာ့တရားရေးစနစ်အနေနဲ့ ဘယ်သူ့ရဲ့ လွှမ်းမိုးမှုမှ မပါဘဲ ဆောင်ရွက်ခဲ့ တာဖြစ်တယ်လို့ VOA သတင်းနဲ့ တွေဆုံခန်းမှာ ပြောဆိုခဲ့ပါတယ်။တရုတ်နိုင်ငံသားတွေဟာ မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်၊ ရွှေလီမြစ်ဝှမ်း ဒေသ ကို ဝင်ရောက်ပြီး ဒေသအာဏာပိုင်တွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူူးပေါင်းကာ သစ်ခိုးထုတ်မှုများ ပြုလုပ်နေခဲ့တာ နှစ်ချီ ကြာမြင့်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကတော့ မြန်မာစစ်တပ်ဟာ ကင်းထောက်လေယာဉ်တွေနဲ့ ထောက်လှမ်းတွေ့ရှိရတယ်လို့ဆိုကာ တရုတ်သစ်ကားတန်းများကို အလုံးအရင်း ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံဟာ မြန်မာ့သယံဇာတတွေဖြစ်တဲ့ သတ္တု၊ သစ်၊ ရေအားလျှပ်စစ်၊ သဘာဝတဓာတ်ငွေ စတာတွေကို တရားဝင်ရော တရားမဝင်ပါ ရယူနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကန်အခြေစိုက် နယူးယောက်တိုင်းမ်းသတင်းစာကြီး မြန်မာ့သယံဇာတတွေကို စုပ်ယူစားသုံးနေတဲ့နိုင်ငံအဖြစ် ဝေဖန်ခဲ့ပါသေးတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။