အိန္ဒိယ၊ ဂျပန်၊ အမေရိကန်တို့ အိန္ဒိယသမုဒ္ဒရာ၌ စစ်ရေးလေ့ကျင့်မည်
This article has been converted from Zawgyi One to Unicode
အိန္ဒိယ၊ ဂျပန်၊ အမေရိကန်တို့ ပူးပေါင်းကာ လာမည့် အောက်တိုဘာလ၌ အိန္ဒိယသမုဒ္ဒရာအတွင်း စစ်ရေး လေ့ကျင့်မည်ဟုသိရသည်၊ ၂၀၀၇ခုနှစ်လည်း အိန္ဒိယက ဂျပန်၊ သြစတြေးလျ၊ စင်ကာပူတို့ကို အမေရိကန် တို့နှင့်ပူးပေါင်းကာ ဘင်္ဂလားပင်လယ်အော်တွင် စစ်ရေးလေ့ကျင်မှု ပြုလုပ်ရန် ဖိတ်ခေါ်ခဲ့သေးရာ ယင်းစီမံချက် ကို တရုတ်နိုင်ငံက နေတိုးကဲ့သို့သော စစ်ရေးမဟာမိတ်အဖွဲ့ ဖွဲ့စည်းရန် ကြံစည်သည် အမြင်ရှိခဲ့ သည်။ ယခုပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုတွင်လည်း အိန္ဒိယနိုင်ငံအနေဖြင့် ဂျပန်နိုင်ငံကို ဖိတ်ခေါ်ရန် ဆုံးဖြတ် ခဲ့ပြီး အာရှတွင် အိန္ဒိယ၊ အမေရိကန်၊ ဂျပန် ပူးပေါင်းပြီး ရေတပ်စွမ်းအားမြှင့်တင်ရန် ကြိုးပမ်းနေသည်ဟု စစ်ရေးအကဲခတ်များက Reuter သတင်းတွင် ဆိုသည်။ အမေရိကန်နိုင်ငံခြားရေးမူဝါဒကောင်စီ၏ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ ဂျက်ဖ်စမစ်က လက်ရှိ အိန္ဒိယအစိုးရသည် တရုတ်ရဲ့ စစ်ရေးတိုး ချဲ့မှုကို အမေရိကန်၊ ဂျပန်တို့နှင့် ပူးပေါင်းကာ ထိန်းညှိ့ဖို့အရင်အစိုးရဟောင်းလက်ထက်က ဗြောင်ကျကျ ပိုမိုလုပ်ဆောင်နေတယ်လို့ သုံးသပ်သည်။