စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၇ ဦး အထိရှိလာပြီး ကလေးငယ်တဦး ပျောက် ဆုံးနေကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန (စစ်ကိုင်းတိုင်း)မှ သတင်း ရရှိသည်။ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရင်း ကောလင်းမြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးနှင့် ကန့်ဘလူ မြို့နယ်မှ ရဲတပ်ဖွဲ့ဝင် ၁ ဦးတို့ အပါအဝင် ဒေသခံ ၅ ဦး သေဆုံးခဲ့ပြီး ကလေးငယ်တဦးမှာ အလောင်းပြန်လည် မတွေ့ရှိသေးသည့်အတွက် လူပျောက်စာရင်းအဖြစ်သာ သတ်မှတ်ထားကြောင်း ယင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ဧရာဝတီသို့ ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။