ထိုးစစ်များ ရပ်တန့်ပေးရန် အရပ်ဘက် အဖွဲ့အစည်း ၁၀၀ ကျော် တောင်းဆို
This article has been converted from Zawgyi One to Unicode
ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ထိုးစစ်ဆင်မှုများ ရပ်တန့်ပေးရန် အရပ်ဘက် လူမှု အဖွဲ့အစည်း ၁၀၀ ကျော်က သမ္မတ နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ တောင်းဆိုထားကြောင်း သိရ သည်။ အရပ်ဘက် လူမှု အဖွဲ့အစည်းများ အနေဖြင့် လက်တလော ဖြစ်ပွားနေသည့် စစ်ပွဲများအပြင် ပြည်သူများမှာ ဆုံးရှုံး နစ် နာမှုများ ဖြစ်ပေါ်စေသည့် တပ်မတော်၏ ထိုးစစ်ဆင်မှုများကို ရှုံ့ချကြောင်း၊ တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ၊ စစ်ရေး လှုပ်ရှားမှုများ လုံးဝ ရပ်တန့်ရန်နှင့် တပ်ဖြန့်ကျက်မှုများအား ချက်ချင်းပြန်လည်း ရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။ ပြည်သူများအတွက် ငြိမ်းချမ်းရေး အကျိုးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ညှိနှိုင်း၍ အားလုံး ပါဝင်သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ်ရေးထိုးရေးကို ဖော်ဆောင်နိုင်ရန် အလေးအနက် တိုက်တွန်းထားကြောင်း တွေ့ရသည်။