ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မနေ့က အိန္ဒိယနိုင်ငံသို့ သွားရောက်ကြောင်း အစိုးရသတင်းတွင်ဖော်ပြသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တူ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး ၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ် တင်အောင်စန်း၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဗိုလ်မှူးချုပ် မောင်မောင်ကျော် တို့လိုက်ပါသွားကြသည်။ မြန်မာ့တပ်မတော် အကြီးအကဲတစ်ဦးအနေဖြင့် အိန္ဒိယသမ္မတနိုင်ငံသို့ ဒုတိယအကြိမ်မြောက် သွားရောက် သော ခရီးစဉ်ဖြစ်သည်။ ပြီးခဲ့သည့် လအတွင်းက အိန္ဒိယတပ်များက မြန်မာနယ်စပ်ကိုကျော်ဖြတ်ကာ နာဂသူပုန်များတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။