ထိုင်းနိုင်ငံ ဆွန်ခလာပြည်နယ် ဟတ်ဟိုင်ဒေသရှိ တရားမဝင်ဆိုင်ကယ်စီးပြိုင်သည့် ဂိုဏ်းများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းပြီး စနေနေ့ညက နှိမ်နင်းရာ ဆယ်ကျော်သက်လူငယ် အမျိုးသား ၃၆ ဦး၊အမျိုးသမီး ၉ ဦးကို ဆိုင်ကယ် ၃၁ စီးနှင့် အတူ ဖမ်းမိကြောင်း Bangkok Post သတင်းတွင်ဖော်ပြထားသည်။ အဆိုပါ ဆိုင်ကယ်ဂိုဏ်းသည် အသံဖြင့် အနှောက်အယှက်ပေးခြင်း၊ လမ်းပိတ်ဆို့မှု ဖြစ်အောင် ပြုလုပ်ခြင်းများကို လုပ်ဆောင်ကြောင်း ဒေသခံများနှင့် ခရီးသွားများက တိုင်ကြားသည့်အတွက် နှိမ်နင်းရခြင်းဖြစ်သည်ဟု ဆွန်ခလာပြည်နယ် ဒုတိယ ရဲမှူးကြီးကဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။