• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Environment

ရေကြီး ရေလျှံမှုများကြောင့် သေဆုံးသူ လူ ၂၀ အထိ ရှိလာ

by သူဇာ
28 July 2015
in Environment
A A
ရေကြီး ရေလျှံ, မုန်တိုင်း

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း ရေကြီးရေလျှံ ဖြစ်ပွားမှု မြင်ကွင်း (ဓာတ်ပုံ - တေဇလှိုင် / ဧရာဝတီ)

7.6k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် မန္တလေးတိုင်းအပါအဝင် နိုင်ငံတဝန်း နီးပါး မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုး မှုများကြောင့် ဒေသတချို့တွင် လူသေဆုံးမှုများ ဖြစ်ပေါ်လျက် ရှိရာ ဇူလိုင်၂၇ ရက် စာရင်းအရ သေဆုံးသူ လူ ၂၀ ရှိပြီ ဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန(နေပြည်တော်) မှ သိရှိရသည်။

“ကျနော်တို့ ရရှိထားတဲ့ စာရင်းအရတော့ စစ်ကိုင်းတိုင်းမှာ ၇ ဦး၊ ကချင်ပြည်နယ်မှာ ၁ ဦး၊ ရှမ်းမှာ ၅ ဦးနဲ့ မန္တလေးတိုင်းအတွင်းက မိုးကုတ်မှာ ၃ ဦး၊ သပိတ်ကျင်းမှာ ၄ ဦး စာရင်းရထားပါတယ်။ ဒီနေ့ စာရင်းကတော့ တက်မလာသေးပါဘူး”ဟု ညွှန်ကြားရေးမှူး ဦးချွမ်ဟရဲက ဧရာဝတီကို ပြောသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
108
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
136
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
463

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် တောင်လယ်ကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက် မိုးအဆက်မပြတ် ရွာသွန်းပြီး မောင်းဂွေးချောင်း တောင်ကျချောင်းရေ စီးဆင်းမှုကြောင့် ချောင်းဘေးနေထိုင်သူများထဲမှ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၄ ဦး ရေထဲမျောပါခဲ့ကြောင်း သိရှိရသည်။

ဇူလိုင် ၂၅ ရက်ကပင် ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ သီပေါ-နမ္မတူ ကားလမ်းပေါ်မှ သက်တမ်း နှစ် ၁၀၀ ခန့်ရှိ တံတား တစင်း လည်း ရေတိုက်စားမှုကြောင့် ပြိုကျ ပျက်စီးသွားရာ လူ ၅ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ဦးရှိကြောင်း သီပေါမြို့မ ရဲစခန်းက ဇူလိုင် ၂၇ ရက်တွင် အတည်ပြုသည်။

သီပေါ မြို့မ ရဲစခန်းမှ တာဝန်ကျ အရာရှိတဦးက“တံတား ပြိုကျလို့ ကယ်ဆယ်ရေး လုပ်ဆောင်မှုကတော့ ပြီးဆုံးသွားပါပြီ။ အဲဒီ တံတားကို ဆောက်လုပ်ရေးဘက်က အမြန်ဆုံး ပြန်ဆောက်ဖို့ အခု လုပ်ဆောင်နေပါ တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ကချင်ပြည်နယ် မိုးညှင်းနှင့် မိုးကောင်း၊ ဖားကန့်မြို့များတွင်လည်း ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်း၊ တံတားတချို့ ပြိုကျ ပျက်စီးခဲ့ပြီး မြို့နယ်တချို့တွင် နေအိမ် အတွင်းသို့ ရေဝင်နစ်မြုပ်မှုများ ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဖားကန့်ဒေသခံ တဦးက“၂၅ ရက်နေ့ကလည်း မိုးကောင်းကနေ ဖားကန့်ကို သွားတဲ့ လမ်းတွေ ရေကြီးလို့ ကားတွေ ဆက်သွားလို့ မရဘူး။ တချို့ပြောတာတော့ ကထန်ယန်ချောင်းက မိုးရေကြောင့် ရေစီး အရမ်းသန်လို့ ပြန်လှည့်လာရတယ်လို့ ပြောတယ်။ တချို့နေရာတွေကိုလည်း ဆက်သွားလို့ မရလို့ အဲဒီမှာ ခရီး ထောက်နေတဲ့သူတွေလည်း ရှိတယ်လို့ ကြားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

မိုးကောင်းမြို့နယ်တွင်လည်း ဇူလိုင် ၂၅ ရက် မတိုင်ခင်ကတည်းက မိုးသည်းထန်ခဲ့မှုကြောင့် ကျေးရွာတချို့ ရေမြုပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး မိုးကောင်းမြို့ပေါ်တွင် ရေဘေး ဒုက္ခသည် စခန်းများ ဖွင့်လှစ်ထားသည်ဟုလည်း ဆိုသည်။

မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့အပါအဝင် အနီးဝန်းကျင်တွင်လည်း မိုးရွာသွန်းမှုကြောင့် တောင်ပြိုမှုများ ကြုံတွေ့ရပြီး တချို့နေရာများ၌ ရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း၊ မိုးကုတ်မြို့နှင့် ၁၇ မိုင်ကျော် ဝေးသည့် အင်းချောက်ကျေးရွာဘက်တွင် တောင်ပြိုကျမှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့ခံ ဦးထက်နိုင်က“မိုးက သည်းသည်းမဲမဲ ရွာလိုက်တော့ အပေါ်ဘက်က ကျလာတဲ့ တောင်ကျရေ အရှိန်ကို မထိန်းနိုင် တော့ဘဲ ချောင်းကို ကာကွယ်ထားတဲ့ ဘောင်ကျိုးကျလို့ ချောင်းရေလျှံပြီး အောင်ချမ်းသာဈေးတို့ အောင်ချမ်းသာ ရပ်ကွက်တွေ ရေ လျှံတယ်။ အခုတော့ ရေကျသွားပြီ။ ဒါပေမယ့် ချောင်းရေနဲ့ ပါလာတဲ့ သဲတွေ၊ ရွှံ့တွေက အကုန် တင်ကျန်ခဲ့တယ်”ဟု ပြောပြသည်။

ဇူလိုင် ၁၄ ရက်မှ ၁၈ ရက်အထိ စံချိန်တင် မိုးရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၉ ခုတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့၍ အိမ်ခြေ ၇၀၀၀ ကျော် ရေဘေးဒုက္ခကြုံတွေ့ရပြီး အိမ်ခြေ ၃၀၀၀ ကျော် ပြောင်းရွှေ့ခဲ့ရကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းသို့ မိုးရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ သာစည် ဆည် အပါအဝင် ဆည်တချို့ ရေအရှိန်နှင့် ကျိုးကျခဲ့ကြောင်း၊ ကျန်ရှိ ဆည်တချို့မှာလည်း စိုးရိမ်ဖွယ် အနေအထားရှိကြောင်း စစ်ကိုင်း ဒေသခံ တချို့က ဧရာဝတီသို့ ပြောသည်။

ယင်းသို့ ရေကြီးရေလျှံမှု အဆိုးရွားဆုံး ခံစားခဲ့ရသည့် ကောလင်းမြို့နယ်တွင်လည်း မြို့ပေါ်တွင် ရေဘေး ဒုက္ခသည် စခန်း ၄ ခု၊ ကျေးရွားတချို့တွင် ဒုက္ခသည် စခန်း ၈ ခု စုစုပေါင်း ၁၂ ခု ဖွင့်၍ ကူညီပေးခဲ့ကြောင်း ကောလင်းမြို့နယ် သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

၎င်းက“ရေပြန်ကျပြီ ဖြစ်တဲ့အတွက် တချို့တွေက သူတို့နေရာကို ပြန်တာတွေ ရှိပါပြီ။ ၂၆ ရက်နေ့ စာရင်းတွေ အရတော့ ဒုက္ခသည် စခန်း ၁၂ ခုမှာ စုစုပေါင်း ၂၉၉၉ ဦးပဲ ကျန်တော့တယ်။ ၂၇ ရက်နေ့ စာရင်းတွေအရ စုစုပေါင်း ၁၂၀၁ ဦး ကျန်နေတယ်။ ဒုက္ခသည် တွေ အတွက် ချက်ပြုတ်စားသောက်ဖို့ အစာခြောက်တွေ ဝေထားပါတယ်။ ရေသန့်တွေ ဝေထားပါတယ်။ နောက်ပြီး ဆေးဝါးတွေကို လည်း လိုအပ်သလောက် ဖြန့်ဖြူးနေပါတယ်”ဟု ပြောဆိုသည်။

ကောလင်းမြို့နယ်မှ ဒုက္ခသည် စခန်း ၁၂ ခုတွင် ကောလင်းမြို့ အပါအဝင် အနီးအနားမှ သရက်ခုံ၊ ညောင်ဝန်း၊ ရေကန်သာ၊ ဝါးရုံကုန်း၊ သရက်ချဉ်၊ တောင်ပုံ၊ ဥက္ကံ၊ မိုးနံ၊ ဆင်းမ၊ အိမ်တိုင်ပုံ စသည့် ကျေးရွာ အုပ်စုများမှ ဒုက္ခသည်များ လာရောက် ခိုလှုံခဲ့ခြင်း ဖြစ် သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေဘေး အန္တရာယ်ကြောင့် ပြည်သူ ၅ ဦး၊ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေသူ မီးသတ် တပ်ဖွ့ဲဝင် ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ကြောင်း၊ မိုးရေလျှံမှုကြောင့် စစ်ကိုင်းတိုင်းအတွင်း လယ်ယာမြေဧက ၈၀၀၀၀ ကျော် ရေမြုပ်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယခုအချိန်တွင် ဘင်္ဂလား ပင်လယ်အော်၌ မုန်းတိုင်းငယ်တခု ဖြစ်ပေါ်နေပြီး ထိုမုန်တိုင်းငယ်၏ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံ၏ ဒေသတချို့တွင် လေပြင်းတိုက်ခတ်မှု၊ မိုကြီးမှုများ ဆက်လက် ဖြစ်ပွားနိုင်သည်ဟု မိုးလေဝသ နှင့် ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

Your Thoughts …
Tags: Flood
သူဇာ

သူဇာ

ဧရာဝတီ

Similar Picks:

သာပေါင်းမြို့နယ်ရှိ ကျေးရွာ ၂၀၀ ကျော် ရေဘေးဒုက္ခရောက်နေ

by သန့်စင်ငြိမ်းချမ်း
14 August 2012
2.3k

မိုးသည်ထန်စွာ ရွာသွန်းပြီး မြစ်ရေ မြင့်တက်လာသည့်အတွက် ဧရာဝတီတိုင်း ပုသိမ်ခရိုင် သာပေါင်းမြို့ အပါအ၀င် မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀၀ ထက် မနည်း ရေနစ်မြုပ်နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်း, ကောလင်း, ဘုတလင်, ရေကြီးရေလျှံ

စစ်ကိုင်းတိုင်း ၇ မြို့နယ် ရေကြီးရေလျှံဖြစ်ပွားမှု အိမ်ခြေ ၁၀၀၀၀ ကျော် ရေဝင်ပျက်စီး

by တင်ထက်ပိုင်
20 July 2015
14.5k

စစ်ကိုင်းတိုင်း မြို့နယ် ၇ မြို့နယ်တွင် ရေကြီးရေလျှံမှုများကြောင့် အိမ် ၂၄ လုံး ရေထဲမျောပါသွားပြီး အိမ်ခြေ ၁၃,၀၀၀ သည် ရေ ဝင် ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ...

ရေဘေး, ရေကြီးရေလျှံ, မြေပြိုမှု

မြန်မာ့ရေဘေး ရတက်မအေး

by ထက်နိုင်ဇော်
6 August 2015
9.3k

အစိုးရရဲ့ သဘာဝဘေး အန္တရယ်ကယ်ဆယ်ရေး ဗဟိုကော်မတီ ဆိုတာ အမည်သာရှိပြီး ဘာမှအလုပ် မဖြစ်တဲ့ အဲဒီအဖွဲ့ဟာ သဘာဝဘေး အန္တရယ် တခုခု ထဖြစ်မှ အစည်းအဝေး ထခေါ်ရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

ဧရာဝတီ, မြစ်ရေ, သွားလာခွင့်ပိတ်

မြစ်ရေတိုးမှုကြောင့် ဧရာဝတီတံတား အောက်မှ သင်္ဘောများ သွားလာခွင့်ပိတ်ပင်

by မန်းသားလေး
18 September 2013
2.7k

ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် အထက်တွင် တည်ရှိနေပြီး ဧရာဝတီမြစ်ရေ နှင့် ဧရာဝတီမြစ်ကူး တံတား ထိစပ်ရန် ၃၆ ပေသာ ကွာဟမှုရှိတော့သဖြင့် သင်္ဘောသွားလာခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်

ရခိုင်ဒေသ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုဒဏ် ဒေသခံများ ရင်ဆိုင်နေရဆဲဖြစ်

ရခိုင်ဒေသ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုဒဏ် ဒေသခံများ ရင်ဆိုင်နေရဆဲဖြစ်

by ခင်ဦးသာ
3 July 2015
2.9k

“အလောင်း ၅ လောင်းကိုတော့ နာမည်နဲ့တကွ အတည်ပြုလို့ ရပါပြီ။ တခြားပျောက်ဆုံးသူတွေ ရှိတယ်လို့ ကြားပေမယ့် ရှာဖွေဆဲဖြစ်လို့ အတည်ပြုလို့ မရသေးပါဘူး”

ဝေဠုကျော်, ရေဘေး, ရေကြီးရေလျှံ

အပျော်လုပ်နေတာ မဟုတ်ဘူးဆိုတဲ့ ဝေဠုကျော်နှင့်

by ဧရာဝတီ
7 August 2015
36.4k

ကယ်ဆယ်ရေး လုပ်ဆောင်နေသည့် ကိုဝေဠုကျော်ကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် မေစစ်ပိုင်က တွေ့ဆုံမေးမြန်း ထားပါသည်။

Next Post
ဦးရွှေမန်း , တပ်မတော် , လွှတ်တော်နာယက , ပြည်ထောင်စု , လွှတ်တာ်ကိုယ်စားလှယ် , ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ , သမ္မတဦးသိန်းစိန်

တပ်မိသားစုများ၏ ကိုယ်စားလှယ် ရုပ်သိမ်းရန် တိုင်ကြားမှု ရင်ဆိုင်မည်ဟု ဦးရွှေမန်းတုံ့ပြန်

ကျောင်းသားသပိတ်, အမျိုးသား ပညာရေး ဥပေဒေ

လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွဲမှု လူ့အခွင့်အရေး ကော်မရှင် စစ်ဆေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate