• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်

by ကျော်ခ
29 July 2015
in သတင်း
A A
ချင်းမိုင်မြို့, ကောင်စစ်ဝန်ရုံး, ဦးဝဏ္ဏမောင်လွင်

ထိုင်းနှင့် မြန်မာ နှစ်ဘက် အစိုးရ တာဝန်ရှိသူများကို ဇူလိုင် ၂၉ ရက်က ချင်းမိုင်မြို့ မြန်မာ ကောင်စစ်ဝန် ရုံးဖွင့်ပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ခ / ဧရာဝတီ)

2k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ရုံးအား ထိုင်း-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်လိုက်ပြီး ကောင်စစ်ဝန် အဖြစ် ဦးကောင်းစံလွင်ဆိုသူကို တာဝန် ပေးအပ်လိုက်ကြောင်း သိရသည်။

ကောင်စစ်ဝန်ရုံး ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ထိုင်းနိုင်ငံ ဒု ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Mr.Thanasak Patimaprakorn နှင့် ချင်းမိုင်မြို့ပေါ်ရှိ ထိုင်းအစိုးရ အဖွဲ့များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်နှင့် သံရုံးအဖွဲ့ဝင်များ အပါအဝင် ချင်းမိုင်မြို့ပေါ်ရှိ နိုင်ငံတကာသံရုံးများမှ သံအရာရှိများ တက်ရောက်ခဲ့ကြသည်။

RelatedPosts

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ်  NUG ဝေဖန် (ရုပ်/သံ)

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ် NUG ဝေဖန် (ရုပ်/သံ)

17 July 2025
8
စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

17 July 2025
9
ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
326

ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က“နှစ်နိုင်ငံ စီးပွားရေး၊ လူမှုရေး ဆက်သွယ်မှု၊ ဆက်ဆံမှုတွေမှာ ပိုပြီးတော့ ထိရောက်အောင်၊ ဒီဒေသမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အကျိုးကိုလည်း ပိုမို ဆောင်ကျဉ်းပေးနိုင်အောင် အတွက်ကို ဒီမှာ ကောင်စစ်ဝန်ချုပ်ရုံး လာဖွင့်တာ ဖြစ်ပါတယ်”ဟု သတင်းထောက်များကို ပြောသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် မြန်မာနိုင်ငံသား တရားဝင် စာရင်းအရ ၆ သိန်း ဝန်းကျင်ရှိပြီး အဆိုပါ မြန်မာနိုင်ငံသားများ အနေဖြင့် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ သွားရောက် လုပ်ဆောင်ရမည့် ကိစ္စရပ်များကို ချင်းမိုင်မြို့က ကောင်စစ်ဝန်ရုံး၌ပင် လုပ်ကိုင်နိုင်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံအမတ်ကြီး ဦးဝင်းမောင်က ပြောသည်။

သံအမတ်ကြီး ဦးဝင်းမောင်က“ဘန်ကောက်(မြန်မာ) သံရုံး ကဲ့သို့ပဲ အားလုံး အပြည့်အဝ အာဏာရှိတဲ့ ရုံးကို ဒီချင်းမိုင်မှာ ဖွင့်ပေးခြင်း ဖြစ်ပါတယ်။ ဒီကောင်စစ်ဝန်ရုံး ဖွင့်လိုက်တဲ့အတွက် ကျနော်တို့ ဒီ(ထိုင်းနိုင်ငံ) မြောက်ပိုင်းမှာရှိတဲ့ မြန်မာလူမျိုးတွေ၊ တချို့ နယ်စပ်မှာရှိတဲ့ ကျနော်တို့ မြန်မာကလေးတွေက မသိကြဘူး။ မသိဘဲနဲ့ ဒီဘက် ရောက်လာတဲ့ ဥစ္စာတွေမှာ ကူညီပေးဖို့အတွက်က အဓိကပါပဲ”ဟု သတင်းထောက်များကို ပြောသည်။

ယခုကဲ့သို့ ကောင်စစ်ဝန်ရုံး ဖွင့်လှစ်လိုက်ခြင်းသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ပြလိုက်သကဲ့သို့ ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား ရှေ့ဆက် ပူးပေါင်း လုပ်ဆောင်ရမည့် ကိစ္စများကိုလည်း အရှိန်အဟုန်မြင့် လုပ်ဆောင်သွားနိုင်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒု ဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Mr.Thanasak Patimaprakorn ကလည်း ကောင်စစ်ဝန်ရုံးဖွင့်ပွဲတွင် ပြောဆိုသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်းက မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေး၊ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်အတွက် အလုပ်သမား သံအရာရှိတဦးကို ဘန်ကောက် မြန်မာသံရုံးက စေလွှတ်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများသည် အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှုများ ရင်ဆိုင်နေရသော်လည်း မြန်မာ သံရုံးအနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိကြောင်း ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက မြန်မာအစိုးရနှင့် သံရုံးကို ဝေဖန် ပြောဆိုကြသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်းသို့ တရားဝင်နည်းလမ်းဖြင့် ဝင်ရောက်လာမှုရှိသကဲ့သို့ တရားမဝင် ဝင်ရောက်မှုများလည်း ရှိကြောင်း၊ မြန်မာ အလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများကို မြန်မာသံရုံးက ကွင်းဆင်း ဆောင်ရွက်မှုများ ရှိနေ သော်လည်း လူအင်အားနှင့် နယ်မြေဒေသ အကန့်အသတ်များ ရှိနေသေးကြောင်း ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောသည်။

ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က“နှစ်နိုင်ငံ ဆွေးနွေးမှုတွေမှာလည်းပဲ အလုပ်သမားတွေ အလုပ်အကိုင် ရှာဖွေပေးအပ်တဲ့အခါမှာ တရား ဝင် နည်းလမ်းနဲ့ အလုပ်သမား အခွင့်အရေး၊ ရသင့်ရထိုက်တာ ပြည့်ပြည့်ဝဝရမယ့် နည်းလမ်းတွေ၊ တရားဝင်နည်းလမ်းတွေ၊ တရား ဝင် မှတ်ပုံတင်မယ်၊ တရားဝင်ဖွင့်လှစ်ထားတဲ့ အလုပ်ရုံ စက်ရုံတွေ၊ လုပ်ငန်းတွေကနေပြီးတော့ တရားဝင်ခန့်အပ်မယ်ဆိုလို့ ရှိရင် အလုပ်သမားတွေ အခွင့်အရေး ရရှိလာမှာဖြစ်ပါတယ်”ဟု ပြောဆိုသည်။

Your Thoughts …
Tags: BorderThai
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

by ဧရာဝတီ
28 September 2024
1.1k

ထိုင်းနိုင်ငံသားတွေ လက်ထဲ ငွေသားတွေ ထည့်ပေးပြီး သုံးစွဲမှုကို အရှိန်အဟုန်နဲ့ အားကောင်းစေမယ်လို့ အဆိုပါ အစီအစဉ် စတင်ခြင်း အထိမ်းအမှတ်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဖေထုန်ထန် ရှင်နာဝပ်ထရာ ကလည်း…

ED visa နဲ့  ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

ED visa နဲ့ ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

by ဘုန်းအောင်
18 September 2024
492

Non-ED Visa နဲ့ ထိုင်းဘာသာစကားသင်တန်း၊ အင်္ဂလိပ်စာနဲ့ တရုတ်စာ သင်တန်း စတဲ့ ကာလတို သင်တန်း တတ်ရောက်နေတဲ့ ကျောင်းသားတွေ များလာတာကြောင့် ဒီသင်တန်းတက်ရောက် နေသူတွေရဲ့ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးတာကို မြန်မာသံရုံး ဘန်ကောက်မြို့ နဲ့...

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

စစ်ခေါင်းဆောင်ကို ဝင်ခွင့်ပြုလို့ ထိုင်းအစိုးရ ဆန္ဒပြခံနေရ (ရုပ်/သံ)

by ဧရာဝတီ
5 April 2025
343

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ BIMSTEC ထိပ်သီး အစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပေးခဲ့တဲ့အပေါ် ထိုင်းနိုင်ငံသားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဆက်တိုက် ရှိလာနေပါတယ်။

ထိုင်းရဲ အရာရှိ , မူးယစ်ဆေးဝါးများ, မယ်ဆိုင်မြို့, မြန်မာ-ထိုင်း နယ်စပ်

ထိုင်း ရဲအရာရှိကြီး တဦး မြန်မာ နယ်စပ်က သယ်လာတဲ့ မူးဆစ်ဆေးများနဲ့အတူ ဖမ်းမိ

by လင်းသန့်
19 August 2014
13.4k

မူးယစ်ဆေး ဖမ်းဆီးမှု၌ နာမည် အလွန်ကြီးခဲ့ပြီး မှတ်တမ်း ကောင်းတွေ ရရှိထားတဲ့ ထိုင်း ရဲအရာရှိကြီး ချမ်နန် (Chamnarn Poompaijit) ကို ဘတ်ငွေ သန်း ၁၆ဝ ကျော် (ကျပ်ငွေ သန်း ၄၈ဝဝ...

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

မြန်မာ စစ်ရာဇဝတ်ကောင်ကို လက်မခံဖို့ ထိုင်းတွေတောင်းဆို (ရုပ်/သံ)

by ဧရာဝတီ
4 April 2025
209

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မကြိုဆိုဘူးဆိုပြီး ထိုင်းပြည်သူတချို့ ဆန္ဒဖော်ထုတ်မှုတွေရှိနေသလို လူမှုကွန်ရက်တွေပေါ်မှာလည်း ဝရမ်းထုတ်ခံထားရတဲ့ စစ်ရာဇဝတ်ခေါင်းဆောင်ကို ဖမ်းဆီးပြီး အာဂျင်တီးနားတရားရုံးကို လွှဲပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

by ရန်ပိုင်
1 March 2013
47.2k

၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း မဲခေါင်မြစ်တွင်း တရုတ်ကုန်တင် သင်္ဘော နှစ်စီးမှ တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနှင့် တရုတ် အစိုးရတို့က နော်ခမ်းနှင့် အဖွဲ့က ပြုလုပ်သည်ဟု...

Next Post
ကြံ့ခိုင်ရေးပါတီ , ဗိုလ်ချုပ်ကြီးလှဌေးဝင်း , ဗိုလ်ချုပ်ကြီး သူရသက်ဆွေ , သမ္မတဦးသိန်းစိန် , လွှတ်တော်ကိုယ်စားလှယ်လောင်း , ရန်ကုန်

ဗိုလ်ချုပ်ကြီးနှင့် ဝန်ကြီးတချို့၏ မဲဆန္ဒနယ်စာရင်းများ ကြံ့ခိုင်ရေး ထုတ်ပြန်

၂၀၁၅ ရွေးကောက်ပွဲဝင်ရန် ဒေါ်အောင်ဆန်းစုကြည် လျှောက်လွှာတင်

၂၀၁၅ ရွေးကောက်ပွဲဝင်ရန် ဒေါ်အောင်ဆန်းစုကြည် လျှောက်လွှာတင်

No Result
View All Result

Recommended

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

3 days ago
3.9k
ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 week ago
5.8k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate