ဘတ်သန်း ၁.၅ ဘီလျံ အကုန်အကျခံကာ ပြုပြင်ထားသည့် မဲဆောက်လေဆိပ်ကို လက်ရှိအနေ အထားထက် ပိုမိုအသုံးပြုနိုင်ရေး စွမ်းရည်မြှင့်တင်သွားမည်ဟု Bangkok Post သတင်းတွင်ရေးသားထား သည်။ လက်ရှိအနေအထားတွင် မဲဆောက်လေဆိပ်၌ ATR – 72 လေယာဉ် ၂စင်း ဆင်းသက်နိုင်ပြီး ခရီးသည် ၁၇၀ သာ အသုံးပြုနိုင်သည့် အနေအထားမှ ဘိုးရင်း 737 လေယာဉ် ၃စင်း ဆင်းသက်ကာ ခရီးသည်၆၀၀ ခန်အသုံးပြုနိုင်ရန် ပြေးလမ်းများမှအစအဆင် မြှင့်တင်သွားမည်ဟု သိရသည်။ အာဆီယံ စီးပွားအသိုက်အဝန်းအတွင်းကျရောက်နေသည် မဲဆောက်ဒေသသည် လက်ရှိအခြေအနေတွင် အထူးစီးပွားရေးဇုန်တခုဖြစ်လာရေး စီစဉ်ဆောင်ရွက်ထား သည့်အတွက် လေကြောင်းတိုးချဲဖို့ လိုအပ်နေပြီး ကပ်လျှက်ရှိသည့် မြန်မာဘက်ခြမ်းတွင် အာရှလမ်း သစ်ကြီး ကို ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။