ကရင်ပြည်နယ်ဘားအံမြို့ပေါ် ရပ်ကွက်တချို့တွင် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံဖြစ်ပွားပြီး ရေဘေး သင့် သူ ၇၀၂၉ ဦးကို ကယ်ဆယ်ရေးစခန်း ၁၁ခုဖွင့်၍ လက်ခံထားသော်လည်း အကူအညီများ လိုအပ်နေကြောင်း သိရှိ ရ သည်။
ကရင်ပြည်နယ် ဘားအံမြို့ပေါ်ရပ်ကွက်အချို့တွင်ပြီးခဲ့သောဇူလိုင်(၂၉)ရက်မှစတင်၍ သံလွင်မြစ်ရေသည် မြင့်တက်လာ ကြောင်း၊ သံလွင်မြစ်ရေသည် သြဂုတ်လ ၃ ရက်နေ့တွင် စိုးရိမ်ရေမှတ် ၈၃၂ စင်တာမီတာအထိ ရှိလာသောကြောင့် မြို့ ပေါ် မြေနိမ့်ပိုင်းနှင့်ကမ်းနားလမ်းတစ်လျောက်ရေနစ်မြှပ်နေကြောင်း၊ ရေနစ်မြုပ်မှုကြောင့် အိမ်ထောင်စု ၁၃၄၃ စု ကယ် ဆယ်ရေး စခန်းများတွင် ခိုလှုံနေရကြောင်း၊ ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် အဝတ် အထည် များ လိုအပ်နေကြောင်း သိရှိရသည်။
ဘားအံမြို့ပေါ် ကြားတောရ ကယ်ဆယ်ရေးစခန်း တာဝန်ခံဦးတင်အေးက“စခန်းသာဖွင့်ထားတာ ဘယ်လိုတွေစီစဉ်ထား တယ်။ အကူညီဘယ်လိုပေးမယ်ဆိုတာမသိရဘူး။ လာပေးတဲ့ ဟာကိုပဲယူပြီးပြန်ဝေပေးလိုက်တာပဲ”ဟုဆိုသည်။
ကရင်ပြည်နယ်အစိုးရက ကျန်းမာရေးကူညီစောင့်လျောက်မှုများဆောင်ရွှက်ပေး နေသော်လည်း ရေးဘေးဒုက္ခသည်များ အတွက် အဓိကလိုအပ်လျက်ရှိသည့်စား သောက်ဖွယ်ရာများပံပိုးပေးမှုအားနည်းနေပြီး လူမှုရေးအဖွဲ့အစည်းများကသာ လိုအပ်သည်များကူညီထောက်ပံပေးလျက်ရှိကြောင်း သိရှိရသည်။
ဘားအံမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ၁၁ ခုသို့ ကရင်ပြည်နယ်အတွင်းအခြေစိုက် ထားသောရွှေပါရမီ၊စေတနာ နာရေး ကူညီမှု အသင်း ၊ မုဒိသာအသင်းများအပြင်အခြား လူမှုရေးအဖွဲ့တို့ပူးပေါင်းကာ ရေဘေးဒုက္ခသည် စခန်းများ သို့သွား ရောက် ကူညီပေးလျက်ရှိကြောင်း သိရှိရသည်။
လတ်တလော သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၈၃၂ စင်တီမီတာ အထက် ၁ ပေခန့် ထပ်မံမြင့်တက်လျက်ရှိသောကြောင့် ရေဘေးသင့်ကယ်ဆယ်ရေးစခန်းများထပ်မံတိုးချဲ့၍ဖွင့်လှစ်သွားမည်ဖြစ် ဘားအံမြို့မာဃနာရေးကူညီမှုအသင်းမှ ဦးကျော်မင်းစိန် ကပြောဆိုသည်။