အေစီမီလန် ဘောလုံးအသင်း၏ ပိုင်ဆိုင်မှု ၄၈ ရာခိုင်နှုန်းကို ယူရို သန်း ၄၈၀ (ထိုင်းဘတ် ၁၈.၄၈ ဘီလျံ) ဖြင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင် Bee Taechaubol ကဝယ်ယူရန် အကြိုသဘောတူညီချက်ရရှိခဲ့ပြီဖြစ်ကြောင်း Bangkok Post သတင်းတွင်ဖော်ပြထားပါတယ်။ အသင်းပိုင်ရှင် အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီရဲ့ စီးပွားရေး ကုမ္ပဏီ Fininvestရဲ့ ပြောခွင့်ရ သူကလည်း ထိုင်းစီးပွားရေးလုပ်ငန်းရှင် မစ္စတာဘီး နှင့် အသင်းပိုင်ရှင် ဘာလူစကိုနီတို့အကြား လက်မှတ်ရေးထိုးပြီးကြောင်း အတည်ပြုပြောကြားပါတယ်။ လာမည့် စက်တင်ဘာ ၃၀ ရက်နေ့နောက်ဆုံးထားပြီး နှစ်ဦးနှစ်ဖက်လွှဲပြောင်းနိုင်ရေး စီစဉ်ထားတယ်လို့ သိရပြီး၊ မစ္စတာဘီးကလည်း သဘောတူညီချက်ရထားပြီဖြစ်သည့်အတွက် မကြာမီအချိန်မှာ စတင်အလုပ်လုပ်မှာဖြစ်ကြောင်း အီတလီမီဒီယာနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ ESPN သတင်းအဆိုအရ အသင်းဥက္ကဋ္ဌ ရာထူးကိုမူ ဘလူစကိုနီက ဆက်လက်ရယူမှာဖြစ်တယ်လို သိရပါတယ်။ အေစီမီလန်အသင်းဟာ အီတလီဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီရဲ့ မိသားစုပိုင် အသင်းဖြစ်ပြီး၊ ဘာလူစကိုနီဟာ အီတလီရုပ်မြင်သံကြား Mediasetကိုလည်း ပိုင်ဆိုင်ပါတယ်။ အေစီမီလန်အသင်းဟာ ချန်ပီယံလိဂ်ဖလား ၇ကြိမ်ရရှိထားပြီး ရီးယဲလ်မက်ဒရစ်ပြီးလျှင် ဒုတိယအများဆုံး အောင်မြင်မှုရရှိထားတဲ့ အသင်းဖြစ်ပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။