• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Election 2020

၈၈၊ တိုင်းရင်းသား အင်အားစုများနဲ့ NLD လမ်းခွဲ ကြံ့ခိုင်ရေး အမြတ်ထွက်မလား

by သာလွန်ဇောင်းထက်
4 August 2015
in Election 2020
A A
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် , အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် , တိုင်းရင်းသားနိုင်ငံရေးပါတီများ , ရွေးကောက်ပွဲ , ကြံ့ခိုင်ရေး

ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) တို့ ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်၌ တွေ့ဆုံစဉ်။ (ဓာတ်ပုံ – ၈၈ မျိုးဆက်)

31.8k
VIEWS
Share on FacebookShare on Twitter

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရဲ့ လွှတ်တော် ကိုယ်စားလှယ် လောင်းစာရင်းမှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်း ဆောင်တွေ၊ နာမည်ရ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမား တွေ မပါဝင်တဲ့အပြင် တိုင်းရင်းသားနိုင်ငံရေး အင်အားစု နယ်မြေတွေအားလုံးကို ရှောင်ဖယ်မပေးဘဲ ဝင်ပြိုင်လိုက်ခြင်းဖြင့် အတိုက်အခံအင်အားစုအားလုံးရဲ့ မညီညွတ်မှုကို ပြသ လိုက်တာမို့ ဒီအခြေအနေက အာဏာရ ကြံ့ခိုင်ရေးပါတီအမြတ်ထွက်စေမယ့် အခြေအနေတခုဖြစ်လာနေပါတယ်။

တိုင်းနဲ့ ပြည်နယ် ၁၄ ခုစလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်းစာရင်းထုတ်ပြန်တဲ့အခါမှာ ပါတီဝင် အမာခံတွေကိုသာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၂၀ နဲ့ နာမည်ရ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားတွေကိုတော့ ချန်လှပ်ထားခဲ့တာကြောင့် နိုင်ငံရေး လောကကို အကြီး အကျယ် ဂယက်ရိုက်ခတ်သွားပြီး NLD ရဲ့ မူဝါဒအပေါ် မေးခွန်းထုတ်မှုတွေ အကြီးအကျယ် ဖြစ်ပေါ်လာပါတယ်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
139
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
2.5k
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
500

အထူးသဖြင့် NLD လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ဖို့ တောင်ဥက္ကလာပ မြို့နယ် က ယှဉ်ပြိုင်ဖို့ စာရင်း ပေးထားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၊ နိုင်ငံတဝန်း မဲဆန္ဒနယ်တွေက ဝင်ရောက် ယှဉ်ပြိုင် ဖို့စာရင်းပေးထားတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ၊ ဗဟန်းမြို့နယ်က ယှဉ်ပြိုင်ဖို့ အဆိုပြုထားတဲ့ ဥပဒေ ပညာရှင် ဒေါက်တာ ဒေါ်ညိုညိုသင်း၊ ဒလမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ဖို့ အဆိုပြုထားတဲ့ တက်ကြွလှုပ်ရှားသူ ဦးဝင်းချို တို့ လုံး၀ မပါဝင်ခဲ့ဘဲ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချို တဦးတည်းသာ NLD ကိုယ်စားပြု လွှတ်တော် ကိုယ်စား လှယ်လောင်းအဖြစ် ရွေးချယ်ခံရပါတယ်။

NLD ပါတီဘက်ကတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားသူ ၃၀၀၀ နီးပါးထဲကနေ စိစစ်ရွေးချယ်ခဲ့ ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင် ၁၅ ဦးပါ အဖွဲ့ က တိုက်ရိုက် ဆုံးဖြတ် ရွေး ချယ်ခဲ့တာဖြစ်ကြောင်း ပြောဆိုပါတယ်။ ထုတ်ပြန်လိုက်ပြီးတဲ့ NLD အမတ်လောင်းစာရင်း ပြန်လည် ပြင်ဆင်ဖို့ အနည်း ငယ်သာရှိပြီး အထူးသဖြင့် ဝင်မပြိုင်ချင်တော့တဲ့သူတွေနေရာမှာ အစားထိုးတာလောက်ပဲ ပြင်ဆင်ဖို့ရှိတော့တယ်လို့ NLD ပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မီဒီယာတွေကို ထုတ်ဖော်ပြောဆိုပါတယ်။

NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်း ထွက်လာပြီးတဲ့နောက်ပိုင်း နိုင်ငံရေးအသိုင်းအဝိုင်းမှာ NLD အနေနဲ့ နိုင်ငံရေး ဗျူဟာမရှိဘဲ အတိုက်အခံအင်အားစု စုစည်းညီညွတ်ရေးကို အလေးမထားတဲ့ လုပ်ရပ် အဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ကြပါတယ်။

အထူးသဖြင့် ၈၈ ကျောင်းသားခေါင်းဆောင်တွေ အားလုံးနီးပါးကို NLD ပါတီ အမတ်လောင်းအဖြစ် လက်မခဲ့တဲ့အပေါ် နိုင်ငံရေး အသိုင်းအဝိုင်းတခုလုံးက အာဏာရှင်ဆန်တဲ့ လုပ်ရပ်လို့ သတ်မှတ်ပြောဆိုကြပါတယ်။ ရှစ်လေးလုံး အရေး အခင်းကြီး ဖြစ်ပေါ်ပြီး တဲ့အချိန်ကစလို့ NLD ပါတီပေါ်ထွန်းလာတဲ့အချိန်အထိ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တွေက NLD ဘက်က မားမားမတ်မတ်ရပ်တည်ခဲ့ကြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရရေးမှာလည်း ကျောင်းသား ခေါင်းဆောင် တွေက NLD ဘက်ကပဲ ရပ်တည်ခဲ့ကြတဲ့အပြင် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျဉ်း ချထားချိန် ကလည်း ၈၈ ကျောင်းသားခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါတဲ့ တီရှပ်တွေဝတ်၊ ခမောက် တွေဆောင်း ၊ လမ်းမတွေပေါ်မှာ လက်ချင်းချိတ် ချီတက် လမ်းလျှောက်ရင်း ကြီးမားတဲ့ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံခဲ့ကြသူတွေဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုမှာလည်း ၈၈ က NLD ပါတီနဲ့ ပူးပေါင်းခဲ့ပြီး ဖွဲ့စည်းပုံ ပြင်ရေး လက်မှတ်ပေါင်း ၅ သန်းနီးပါး ကောက်ခံရရှိရေး လုပ်ဆောင်ခဲ့ပါသေးတယ်။
စစ်အစိုးရလက်ထက် နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင်အဖြစ် သတ်မှတ်ပြီး ဘဝများစွာ ရင်းနှီး ပေး ဆပ် ထောက်ခံခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတဲ့အခါမှာတော့ ၈၈ ကျောင်းသားတွေလို ဘဝများစွာ ရင်းနှီးပေးဆပ်ခဲ့သူတွေကို ခါးခါးသီးသီး ငြင်းဆန်တာဟာ နိုင်ငံရေး အမြင်မကျယ်မှုနဲ့ အာဏာရှင်ဆန်မှုကို ထောက်ပြနေတယ်လို့ အတိုက်အခံ နိုင်ငံရေးအသိုင်းအဝိုင်းမှာ ပြောဆို သုံးသပ်ကြပါတယ်။

NLD ပါတီအနေနဲ့ အတိုက်အခံနိုင်ငံရေးအင်အားစု တခုဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေကို ငြင်းပယ်လိုက်တာက ညီညွတ်မှုအားနည်းနေတဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစု လုံး၀ ပြိုကွဲသွားအောင် လုပ်လိုက်တဲ့ ပွဲသိမ်းရိုက်ချက်လို့ သုံးသပ်သူတွေလည်းရှိနေပါတယ်။
NLD ပါတီရဲ့ အမတ်လောင်းစာရင်းမှာ ငြင်းပယ်ခြင်းခံလိုက်ရတဲ့ ဥပဒေပညာရှင် ဒေါက်တာညိုညိုသင်းကတော့ အမတ် လောင်းစာရင်းမှာ မသမာမှုတွေရှိတယ်လို့ ဆိုပါတယ်။

“မြို့နယ်က ၁၂ မဲ ၅ မဲနဲ့ အန်တီ့ကို ပထမဦးစားပေးအနေနဲ့ အတည်ပြုလိုက်တာ သိတယ်။ ရန်ကုန်တိုင်းအဆင့်ကလည်းပဲ ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့ ကို အန်တီ့ကိုပဲ ရွေးချယ်ပြီးတင်ပေးလိုက်တယ်ဆိုတာ သိတယ်။ အဲတော့ နောက်ဆုံး အဆင့်မှာမပါတော့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့က ပယ်သလိုဖြစ်နေတယ်။ စုံစမ်းကြည့်တဲ့အခါကျတော့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့က တိုင်းကတင် လာတဲ့အတိုင်းပဲ အတည်ပြုပေးတာလို့ ပြောတယ်။ အဲတော့ တိုင်းအဆင့်မှာ တစုံတရာ လွဲမှားမှုဖြစ်သွားတယ်လို့ ထင် တယ်။ အဲတော့ တိုင်းအဆင့်ပုဂ္ဂိုလ်များက ဒီကိစ္စကို ဖြေရှင်းဖို့တာဝန်ရှိတယ်။ အဲဒါကြောင့် အခု မေးခွန်းထုတ်ထား တယ်။ တိုင်းအဆင့် တာဝန်ရှိပုဂ္ဂိုလ်များကို ဘာကြောင့် တစုံတယောက်က အန်တီ့ အစားတက်သွားရတာလဲ။ ဒါဟာ ရိုးရိုးသားသား မှားယွင်းတဲ့ကိစ္စလား၊ ဆန်းဆန်းပြားပြား မှားယွင်းတဲ့ကိစ္စလားဆိုတာကို အဖြေထုတ် ပေးဖို့ မေးခွန်း ထုတ်ထားပါတယ်” လို့ ဒေါက်တာညိုညိုသင်းက ဆိုပါတယ်။

NLD ပါတီတွင်းမှာလည်း ထွက်ပေါ်လာတဲ့ အမတ်လောင်းစာရင်းကြောင့် အကြီးအကျယ် စိတ်ပျက်မှုတွေ ရှိနေတဲ့ ပါတီဝင်တွေ ဒုနဲ့ဒေးရှိနေပြီး အထူးသဖြင့် ရွေးချယ်ခံထားရတဲ့ အမတ်လောင်းတွေမှာ နာမည်ပျက်ရှိသူတွေ တချို့ ပါဝင် နေတာကြောင့်ဖြစ်တယ်လို့ ပါတီဝင်တွေဆီက သိရပါတယ်။

အခုအချိန်အထိတော့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က NLD ပါတီရဲ့ အမတ်လောင်းစာရင်းနဲ့ပတ်သက်လို့ တစုံတရာ မှတ်ချက်မပေးသလို NLD ပါတီဘက်ကလည်း ဘာကြောင့် ၈၈ နဲ့ နာမည်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ငြင်းပယ် လိုက်တယ်ဆိုတာမျိုး တရားဝင် မထုတ်ပြန်ပါဘူး။ အတိုက်အခံနိုင်ငံရေးအင်အားစုထဲကနေ NLD ပါတီက သီးခြား ခွဲထွက် သွားပြီဆိုပြီး သုံးသပ်သူတွေလည်း ရှိနေပါတယ်။

အမတ်လောင်းစာရင်းကြောင့် NLD ပါတီ ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိရေး တနည်းတဖုံ သက်ရောက်မှုရှိနိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ဆိုကြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက “အဓိကက NLD ပါတီကနေ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်လိုက်တဲ့အထဲမှာ ပါသင့်ပါထိုက်တဲ့သူတွေ ကျန်ခဲ့ပြီးတော့ မပါသင့်မပါထိုက်တဲ့လူတွေ ကိုယ်စားလှယ် လောင်း စာရင်းထဲမှာ ပါနေတာကို တွေ့ရတယ်။ မပါသင့်မပါ ထိုက်တဲ့သူတွေဆိိုတာ ပါတီထဲမှာ နိုင်ငံရေး အရ သော်လည်း ကောင်း ၊ စီးပွားရေးအရသော်လည်းကောင်း၊ လူမှုရေးအရ သော်လည်းကောင်း အရှုပ်အရှင်းတွေ၊ ပြဿနာတွေ အဲလိုရှိနေတယ် ဆိုတာကို ပါတီဗဟိုကိုလည်း အသိပေးထားတဲ့ အဲလိုပုဂ္ဂိုလ်တွေဟာ ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ ပါနေတာ ကိုတွေ့ ရ တယ်။ အဲဒီအတွက်ကြောင့် ပါသင့်ပါထိုက်တဲ့ သူတွေ မပါဘဲနဲ့ မပါသင့်မပါထိုက်သူတွေ ပါနေတဲ့ အတွက် ကြောင့်မို့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီရဲ့ အနိုင်ရရှိ ဖို့ရာခိုင်နှုန်းကို ကြီးကြီးမားမား ထိခိုက်နိုင်တယ်” လို့ ဆိုပါတယ်။

NLD ပါတီက တိုင်းရင်းသားနယ်မြေတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်တွေရဲ့ မဲဆန္ဒနယ်တွေအားလုံးမှာလည်း တိုင်းရင်းသား နိုင်ငံရေးပါတီနဲ့ညှိနှိုင်းဆွေးနွေးခြင်း မရှိဘဲ ဝင်ရောက်ယှဉ်ပြိုင်တာကြောင့် တိုင်းရင်းသားတွေက စိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်။

တိုင်းရင်းသားနိုင်ငံရေးပါတီတွေအနေနဲ့ NLD ပါတီကိုလည်း ယှဉ်ပြိုင်ရ ၊ အာဏာရ ကြံ့ခိုင်ရေး ပါတီကိုလည်း ယှဉ်ပြိုင် ရတာမို့ အင်အားတွေ မစုစည်းနိုင်တော့ဘဲ ပြိုကွဲကုန်တယ်လို့ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေက ဆိုပါတယ်။ အာဏာရ ကြံ့ခိုင်ရေးပါတီက ငွေအင်အား၊ လူအင်အား ကောင်းတာမို့ NLD နဲ့ တိုင်းရင်းသားတွေ သူနိုင်၊ ကိုယ်နိုင် အပြိုင် ကျဲနေတဲ့အချိန်မှာ ကြံ့ခိုင်ရေးပါတီ အမြတ်ထွက်ဖို့ ကျိန်းသေတယ်လို့ တိုင်းရင်းသားတွေဘက်က ပြောပါတယ်။

ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က “ဒီမိုကရက်တစ် အင်အား စုအချင်းချင်းက ညှိနှိုင်းတိုင်ပင်ပြီးတော့မှ ပေါင်းစည်းလုပ်သင့်တယ်။ အပြန်အလှန်ကူညီတာမျိုး။ နေရာ အချိန်း အချက်လုပ်တာမျိုး ဒါမျိုးတွေလုပ်သင့်တယ်လို့ မြင်တယ်။ ဒါပေမယ့် NLD က မလုပ်ဘူး။ ကြံ့ခိုင်ရေးကိုလည်း တိုက်ရမယ်။ NLDကိုလည်း တိုက်ရမယ်ဆိုတော့ တိုင်းရင်းသားတွေအတွက်ကတော့ မလူး သာ မလွန့်သာပေါ့။ လာမယ့်ရွေးကောက်ပွဲ အနေ အထားကို ကြည့်မယ်ဆိုရင် လက်ရှိအာဏာရပါတီရဲ့ အကြိုက်တောင်ဖြစ်သွား နိုင်ပါတယ်။ NLD ကိုယ်တိုင်က သူ့ရဲ့ဗျူဟာ၊ နည်းဗျူဟာကို မပြောင်းဘဲနဲ့ ဆက်သွားမယ်ဆိုရင်တော့ လက်ရှိ အာဏာရပါတီကို တွန်းအားပေး သလိုဖြစ်သွားမယ်။ အားပေးရာကျသွားမယ်” လို့ သုံးသပ်ပါတယ်။

NLD ပါတီရဲ့ အမတ်လောင်းစာရင်းကြောင့် ၂၀၁၅ ရွေးကောက်ပွဲက အတိုက်အခံ နိုင်ငံရေးအင်အားစုအားလုံးကို ပြန်လည် စုစည်း ညီညွတ်စေမယ့် ရွေးကောက်ပွဲ ဖြစ်မလာတော့ဘဲ NLD နဲ့ ၈၈ ၊ NLDနဲ့ တိုင်းရင်းသားတွေရဲ့ ကတ္တီပါလမ်းခွဲ တခု အသွင်ဆောင်နေတာမို့ NLD အနေနဲ့ အမတ်လောင်းစာရင်းကို ပြန်လည်သုံးသပ် ပြင်ဆင်ဖို့ လိုအပ်နေပြီး အမတ်လောင်း စာရင်း ပြန်မပြင်တော့ရင်တော့ အာဏာရ ကြံ့ခိုင်ရေးပါတီ အကြိုက်တွေ့၊ စစ်တပ် အကြိုက်တွေ့တဲ့ အတိုက်အခံ အကွဲ အပြဲ နိုင်ငံရေး အခြေအနေတွေ ဆက်တိုက်ကြုံတွေ့ရမယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သတိပေး ပြောဆိုပါတယ်။

Your Thoughts …
သာလွန်ဇောင်းထက်

သာလွန်ဇောင်းထက်

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ရေဘေး၊ အလှူ၊ ပရဟိတ အသင်း၊ မန္တလေး

အရေးကြီးပြီမို့ သွေးစည်းကြလေပြီ

ဝါရင့် နိုင်ငံရေး သမားဟောင်းနှင့် သတင်းစာ ဆရာကြီး ဦသာဘန်း ကွယ်လွန်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate