ရခိုင် ဝါရင့်နိုင်ငံရေး သမားနှင့် သတင်းစာ ဆရာကြီး တဦး ဖြစ်သူ ဦးသာဘန်းသည် ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်၌ ယနေ့ နေ့လည် ၂ နာရီဝန်းကျင်တွင် ကွယ်လွန်သွားကြောင်း သိရသည်။ ဦးသာဘန်းသည် ကွယ်လွန်ချိန်တွင် အသက် ၈၀ ရှိပြီး၊ အစာလည်မျို ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခြင်းဖြစ်ကြောင်း မိသားစုဝင် တဦးက ဧရာဝတီ ကို ပြောသည်။ ဦးသာဘန်း၏ အသုဘ အခမ်းအနားကို သြဂုတ်လ ၈ ရက်နေ့တွင် ပြုလုပ်မည်ဟု စီစဉ်နေသော်လည်း အတိအကျ မသိရသေးဟု မိသားစုဝင် က ပြောသည်။ ဦးသာဘန်းသည် ရန်ကုန် တက္ကသိုလ်ကျောင်းသားများ သမ္မဂ အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ( ALD ) ၏ ဥက္ကဌ၊ နာယက တာဝန်များကို လည်းကောင်း ထမ်းဆောင်ခဲ့သည်။ ၎င်းသည် တဖက်တွင် နိုင်ငံရေး တာ ဝန်များ ထမ်းဆောင်ရင်း သတင်းစာ ဆရာ၊ ဘာသာပြန် ဆရာ အဖြစ်လည်း ထမ်းဆောင်ခဲ့သည်။ စာဖတ်ခြင်း၊ စာရေး ခြင်း အလုပ်များကို ကွယ်လွန်ချိန် အထိ ဆောင်ရွက်ခဲ့သည်။ ဦးသာဘန်းသည် နိုင်ငံရေး လုပ်ဆောင်မှုများကြောင့် ထောင်ဒဏ် အကြိမ်ကြိမ် ကျခံခဲ့ရသူလည်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။