အမေရိကန်နိုင်ငံ ဝါရှင်တန်မှာ ကျင်းပတဲ့ မြန်မာအစိုးရ၊ အတိုက်အခံပါတီနဲ့ တိုင်းရင်းသားတွေ တက်ရောက် တဲ့ အစည်းအဝေးမှာ ငှက်ဖျားရောဂါပိုးကို လာမည့် ၂၀၃၀ ခုနှစ်မှာ အပြီးပြတ် ချေမှုန်းတိုက်ဖျက်ဖို့ သဘောတူခဲ့ပါတယ်။ အခုလို အစိုးရ၊ အတိုက်အခံ ၊ တိုင်းရင်းသားတွေ အစုံတက်ရောက်တာ ထူးခြားတယ်လို့ ဆိုရမှာပါ။ ငှက်ဖျားတိုက်ဖျက်ရေး စီမံကိန်းအတွက် ၁၅နှစ်စာ အမေရိကန်ဒေါ်လာ ၁. ၂ ဘီလျံ တနှစ်ကို ဒေါ်လာ သန်း၈၀ လိုအပ်မှာဖြစ်ပါတယ်။ မြန်မာကျန်းမာရေးဝန်ကြီးဌာန ကတက်ရောက်လာတဲ့ ဒေါက်တာ ဒေါ်သိန်းသိန်းဌေးကတော့ ဒီအစည်းအဝေးဟာ သမိုင်းဝင် အစည်းအဝေးဖြစ်တယ်လို့ ဧရာဝတီသတင်းဌာနကို ပြောပါတယ်။ လာမည့် ၂၀၃၀ ခုနှစ်မှာ မြန်မာနိုင်ငံကို ငှက်ဖျားကင်းစင်တဲ့ နိုင်ငံဖြစ်ဖို့ ရည်မှန်းထားကြောင်း လည်း NLD ပါတီက ဒေါက်တာတင်မျိုးဝင်းကလည်း သတင်းထောက်တွေကို ပြောဆိုပါတယ်။ ဒါ့အပြင် လာမည့် ရွေးကောက်ပွဲမှာ ဘယ်သူပဲနိုင်နိုင် ငှက်ဖျားရောဂါတိုက်ဖျက်ရေး စီမံကိန်းကိုတော့ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။ ဒီအစည်းအဝေးကို မေရီလန်းတက္ကသိုလ် ဆေးပညာဋ္ဌာနနဲ့ Center for Strategic and International Studies (CSIS) တို့က ကြီးမှူးကျင်းပတာဖြစ်ပြီး မြန်မာ့ ဗဟိုသုတေသန ဆေးတပ်မှ ဗိုလ်မှူးချုပ် တင်မောင်လှိုင်၊ ကရင်ပြည်နယ် ကျန်းမာရေးနဲ့ လူမှုရေးဌာနက ဒေါက်တာ ကလူရွှေဦး အပြင် ရှမ်းနဲ့ ကရင်နီကိုယ်စားလှယ်တွေလည်း တက် ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်းများ ပြားတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ရောဂါ ခံစားရသူပေါင်း ၂၅၀၀၀၀ ဦး ရှိခဲ့ပါတယ်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။