မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြန်မာပြည်အထက်ပိုင်းမှရေများ ရောက်ရှိလာခြင်းကြောင့် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာထက်မနည်း ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေရကြောင်း သိရသည်။ ဘုရားနီ၊ ကျားရဲ၊ ကြိမ်တလီ၊ တလုပ်ကုန်း၊ စစ်ပင်ကြီး၊ ဥသျှစ်၊ ကွင်းပေါက်၊ ဘုရားကြီး၊ ဆောင်ဘုံ၊ မရမ်းချို၊ ခေနန်၊ မြစ်ကမ်းဘေး၊ အင်းကုန်း၊ ဦးတိုနှင့် လက်ခုပ် ကျေးရွာများ၌ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားနေပြီး တလုပ်ကုန်းနှင့် ဘုရားကုန်းကျေးရွာများမှ အိမ်ထောင်စုတချို့မှာ ကျေးရွာဘုန်းတော်ကြီးကျောင်းများသို့ ပြောင်းရွှေ့နေထိုင်ကြကြောင်း ဒေသခံများက ပြောသည်။ ထို့ပြင် သာပေါင်းမြို့ပေါ်ရှိ ရပ်ကွက်တချို့မှာလည်း ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရပြီး နီးစပ်ရာဘုန်းတော်ကြီး ကျောင်းများနှင့် ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင်ကြကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။