ပြည်ခရိုင် ဧရာဝတီမြစ်၏ အနောက်ဘက်ခြမ်း ပန်းတောင်းနှင့် ဥသျှစ်ပင်မြို့များအကြားရှိ ပဲကြီးအင်း၊ တောင်ဘွေ၊ သောင်ကြီး၊ ငါးမျက်နှာ၊ ကြို့ကုန်း၊ ကွေ့မ၊ ဆိတ်တဲကျေးရွာများနှင့် တခြားကျေးရွာ ၁၀ ကျော်အပြင် လက်ပံကျွန်း၊ မြစိမ်းကျွန်း စသည့် ကျေးရွာများမှာလည်း ရွာလုံးကျွတ် ရေနစ်မြုတ်နေပြီး ၊ ပြည်- ဥသျှစ်ပင် ကားလမ်းပေါ်တွင်လည်း ရေကျော်နေသဖြင့် ကားလေးများ သွားရောက်ရန် အခက်ခဲ သဖြင့် မော်တော်ဖြင့်သာ ကူညီကယ်ဆယ်ရေးပို့ဆောင်နေရသည်။ ဒေသအာဏာပိုင်တို့၏ အကူအညီ မရရှိသေးသဖြင့် စစ်တပ်မိသားစုများနှင့် အရပ်ဖက်အဖွဲ့အစည်းများကပေးပို့သည့် ထမင်းထုတ်နှင့် ရိက္ခတချို့သာ ရရှိသည်ဟု သိရသည်။ ဥသျှစ်ပင်မြို့နှင့် ထုံးဘိုမြို့ကြားရှိ ပုသိမ်-မုံရွာအဝေးပြေး ကားလမ်းနံဘေး ကျေးရွာပေါင်း ၁၅ ရွာခန့်မှာ ရိက္ခာနှင့် အထူးသဖြင့် သောက်သုံးရေအများဆုံးလိုအပ်နေပြီး သူရဲတန်းကျေးရွာအတွင်းရှိ ကျေးရွာ ၇ ရွာနှင့် ထုံးဘိုမြို့အပါအဝင် တခြားကျေးရွာ ၈ ရွာက ရေဘေးကြုံတွေ့နေရသူ ငါးထောင်ကျော်ရှိကြောင်းသိရသည်။ ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၆၄ ရွာခန့် ရေနစ်မြုတ်မှုကြုံတွေ့နေရပြီး ကုန်းမြေဧရိယာတော်တော်များများမှာ ရေနစ်မြုတ်နေသည့်အတွက် ထောင်နဲ့ချီတဲ့ နွား၊ ကျွဲ၊ ဆိတ် များအတွက် အစာရေစာ ရှားပါးမှု ကြုံတွေ့နေရသည်။ ပြည်ခရိုင်အခြေစိုက် ဧရာဝတီ သတင်းထောက် ကောင်းမြတ်မင်းပေးပို့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။